[ 58 ]

2.9K 436 23
                                    

Unicode

အပိုင်း - ၅၈

ထိုနေ့ည အတူညစာစားပြီးတော့ သိလိုက်ရတာက ကျန်းကျွင်းက တစ်သီးတစ်သန့်နေတတ်တာပဲလား၊ ဒါမှမဟုတ် ထိန်းထိန်းသိမ်းသိမ်းနေလွန်းတာကြောင့်ပဲလား မပြောတတ်သော်လည်း စကားနည်းလှသည်။ သို့သော် သူ့အမူအရာတွေကတော့ အေးအေးဆေးဆေးရှိနေ၏။

စားရင်းသောက်ရင်း စကားစမြည်ပြောရင်းပင် နဂိုကတည်းက လူဝင်ဆံ့ပြီး လူတွေနှင့် ပေါင်းသင်းတတ်သော ဝိန်ထင်းဟွမ်က ကျန်းကျွင်းနှင့် ရင်းနှီးသွားသည်။

ထိုနေ့အဖြစ်အပျက်နှင့်ပတ်သက်ပြီး ကျန်းကျွင်း ဘာတွေတွေးနေသလဲ ဝမ်ကျားနင်က မသိသော်လည်း အပြင်ပန်းအရ ကြည့်လျှင်တော့ ဘာမှ မဖြစ်သလိုပါပင်။

နောက်တစ်ပတ်ဆို ဝမ်ကျားနင်နှင့် ကျန်းကျွင်းတို့ ရိုက်ကူးရေးစဖို့ အသင့်ဖြစ်ပြီ။

ရိုက်ကူးရေးမစခင် အချိန်အပိုင်းအခြားမှာ ဝိန်ထင်းဟွမ်က ဗြုန်းစားဆိုသလို အလုပ်တွေ ပိလာပြီး ဝမ်ကျားနင်၏ နေ့စဉ်လုပ်ငန်းကိစ္စများကို တာဝန်မယူနိုင်တော့ချေ။ ကုမ္ပဏီကလည်း ဝမ်ကျားနင်အတွက် ဒရိုင်ဘာတစ်ယောက် တစ်နည်းပြောရလျှင် လက်ထောက်တစ်ယောက် ရှာပေးဖို့ အမြန်ပြင်ဆင်ရတော့သည်။

ထိုနေ့မှာပဲ ကျန်းရှဲင်က ဝမ်ကျားနင်ကို လက်ထောက်အသစ်နှင့် မိတ်ဆက်ပေးဖို့ ကုမ္ပဏီလာခိုင်းသည်။

လက်ထောက်နှင့် ပေးမတွေ့သေးခင် ကျန်းရှဲင်က ဝမ်ကျားနင်ကို ရုံးခန်းထဲ ခေါ်ပြီး

“ ငါ မင်းကို တစ်ခု အသိပေးရဦးမယ်၊ မင်း လက်ထောက်အသစ်ရဲ့ နာမည်ကို သိလား ”

ဝမ်ကျားနင် သံသယဖြစ်သွားရသည်။

ကျန်းရှဲင်က ဆို၏။

“ သူ့နာမည်က ခေါ့ရှင်းဖန် တဲ့၊ အလုပ်လာလျှောက်ကတည်းက သူ့ကိုယ်သူ မင်းအစ်ကိုပါလို့ ပြောခဲ့တယ် ”

ဝမ်ကျားနင် အံ့အားသင့်စိတ်ကို အနိုင်နိုင် ဖုံးကွယ်လိုက်ရ၏။

“ ကျွန်တော်လည်း မသိလိုက်ရပါလား ”

ကျန်းရှဲင်က သူ့ကို ကြည့်ရင်း

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now