[ 67 ]

2.4K 372 18
                                    

Unicode

အပိုင်း - ၆၇

ဒုတိယထပ်၊ လုကျင်းဖုန်း၏စာကြည့်ခန်းအတွင်းရှိ လေထုမှာတော့ အိမ်အောက်ထပ်လောက် သက်တောင့်သက်သာဖြစ်မနေပါချေ။

လုကျင်းဖုန်းက လုကျင်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ သုန်မှုန်သောမျက်နှာဖြင့် ဆိုသည်။

“မင်း ဘာဖြစ်ချင်နေတာလဲ၊ အမေ့ကို တမင်ပြောလိုက်တာလား...သူ့ကို စိတ်ရှုပ်သွားစေချင်နေတာလား”

လုကျင်းလန်က အသာနားထောင်နေရင်း လေသံဖျော့ဖျော့နှင့်...

“အစ်ကိုကြီး...အမေ့အကြောင်းကို မသိဘူးလား၊ သူ အများကြီး ဒေါသထွက်သွားမှာမဟုတ်ဘူး”

မည်သို့ဆိုဆို လုကျင်းလန်က ယွီဟော့၏ သားအငယ်ဆုံး။ နောက်ပြီး  အငယ်ဆုံးမို့ သူ့ကို သိပ်ချစ်သည်။ လုကျင်းလန်ကို ငယ်စဉ်ကတည်းက ထိန်း‌ကျောင်းခဲ့သည့် အစ်ကိုအကြီးဆုံး လုကျင်းဖုန်းအပေါ်မှာပဲ အရာအားလုံးမူတည်နေခြင်း။

အမေလုအနေနှင့် ရှော့ခ်ရသွားလောက်သော်လည်း တအားဒေါသထွက်လိမ့်မည်ဟု သူ မထင်။

လုကျင်းဖုန်းက သက်ပြင်းလေးလေးချလိုက်ကာ...

“ကျင်းလန်...မင်း ဒီနှစ်ဆို ၃၄ ပြည့်ပြီ မဟုတ်လား”

လုကျင်းလန် ခေါင်းညိတ်လိုက်သည်။

“မင်း အပျော်ရှာရင်လည်း ဘယ်လောက်ထိများ ကြာနိုင်မှာလဲ ငါ စောင့်ကြည့်နေခဲ့တာ၊ မင်း အသက်ပိုကြီးလာရင် စဉ်းစားချင့်ချိန်တတ်လာမယ် ထင်လို့၊ ဒါပေမယ့် မင်း အခုလုပ်ပုံကို ကြည့်”

“ဘာလို့လဲဆိုတော့ ကျွန်တော် အသက်ကြီးလာတာနဲ့အမျှ ဘာလိုချင်သလဲ ပိုပိုသိလာလို့”

တစ်ခဏ အသံတိတ်သွားပြီးမှ...

“တကယ်တော့ ကျွန်တော် သူနဲ့ အစပိုင်းတုန်းက အတည်ရည်ရွယ်ခဲ့တာမဟုတ်ဘူး၊ အစ်ကိုကြီးပြောသလိုပဲ...အပျော်ရှာလို့ အချိန်တန်ရင် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖြစ်မယ် တွေးခဲ့တာ...ဒါပေမယ့် ကျွန်တော် အဲ့လိုမလုပ်နိုင်တော့ဘူးဆိုတာ သိလာတယ်၊ သူ့ကို အလေးအနက်ထားနေမိပြီ”

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now