Unicode
အပိုင်း - ၈၆
ထိုစဉ် တစ်ဖက်မှာလည်း လုကျင်းလန်၏ အိမ်ကို ပရိုဂရမ်အဖွဲ့မှ Camera-man က ရိုက်ကူးနေသည်။
ဘာကြောင့်မှန်းမသိသော်လည်း လုကျင်းလန်ကြည့်ရတာ ဤဗီလာ၌ တစ်ကိုယ်တည်း ပျင်းရိနေပုံရကာ ဒါရိုက်တာ ဘယ်လောက်ပဲမေးမေး တုံးတိတိအဖြေတွေသာ ဖြေလေ၏။
ထို့နောက်တွင်မူ လက်ထဲ ခြင်ဆေးဖြန်းဘူး ကိုင်လျက် နှုတ်ဆိတ်သွားသော လုကျင်းလန်ကို မြင်ရသဖြင့် ဒါရိုက်တာက နည်းနည်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
လုကျင်းလန်က အသိပြန်ဝင်သွားကာ ခေါင်းခါလိုက်ပြီး ပစ္စည်းများကို ကျောပိုးအိတ်ထဲ ထည့်နေ၏။ ဝိန်ထင်းဟွမ်က ဝမ်ကျားနင်အတွက် ဒီပစ္စည်းတွေကို စီစဉ်ပေးလိုက်ပါ့မလား သူ စဉ်းစားနေခြင်း။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အတူသွားရမှာမို့ သူ ယူသွားလိုက်ရင် လုံလောက်ပါသည်။
တစ်မြို့တည်းနေကြတာ ဖြစ်သော်လည်း နောက်တစ်နေ့မနက် အဖွဲ့သားအားလုံး လေဆိပ်၌ ဆုံဖို့ ချိန်းထားကြ၏။
ဝမ်ကျားနင် လေဆိပ်သို့ ရောက်လျှင် ပထမဆုံးမြင်လိုက်ရသူမှာ ကျန်းကျွင်း။ ဒီတစ်ခေါက် ဝိန်ထင်းဟွမ်က အတူ လိုက်မလာသည်မို့ သူတို့နှစ်ယောက်ကို အချင်းချင်း ဂရုစိုက်ပေးရန် မှာလိုက်သည်။
ဝမ်ကျားနင်လည်း ကျန်းကျွင်းကို ကြည့်ရှုစောင့်ရှောက်ပေးမည့်အကြောင်း ဝိန်ထင်းဟွမ်အား ခေါင်းညိတ်ပြောပြခဲ့လေသည်။
ကျန်းကျွင်း ဝမ်ကျားနင်ကို မတွေ့ဖြစ်တာ ရက်အတော်ကြာပြီ။ Movie ရိုက်ကူးပြီးနောက် ကုမ္ပဏီက ကျန်းကျွင်းအတွက် တီဗီစီးရီးတစ်ခုကို ရွေးပေးထားကာ ရိုက်ကူးဖို့ ပြင်ဆင်ရုံအဆင့်ပဲ ရှိသေးသည်။
ဝမ်ကျားနင်ကို ပြန်မြင်ရသောအခါ ကျန်းကျွင်း ဘာကြောင့်ရယ်မသိ စိတ်လှုပ်ရှားသွားရကာ တစ်ခုခုပြောချင်သော်လည်း ဘာပြောရမှန်း မသိသဖြင့် အဆုံးမှာ နှုတ်ဆိတ်နေလိုက်၏။
ဝမ်ကျားနင်က အသာပြုံးရင်း သူ့ပခုံးကို တစ်ချက်ပုတ်သည်။
အနောက်မှ ကင်မရာကလည်း တောက်လျှောက် လိုက်ပါ ရိုက်ကူးလျက်သား။
أنت تقرأ
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
عاطفية~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024