[ 22 ]

3.6K 581 6
                                    

Unicode

ဝမ်ကျားနင်၏သီချင်းဆိုဟန်တွင် စိတ်ခံစားချက်တို့ ပြည့်နှက်နေပြီး သူ့သီဆိုပုံနှင့်ခံစားချက်များက ယခင် ထိုရုပ်ရှင်ကိုရိုက်ကူးခဲ့စဉ်ကနှင့် တစ်ထပ်တည်းပင်။ ကွာဟတာဆိုလို့ အသံပဲရှိသည်။

လူအုပ်ထဲမှအမျိုးသမီးပရိသတ်တစ်ဦးအပေါ် တိုက်ရိုက်ထုတ်လွှင့်ပြသနေသောကင်မရာက ဦးတည်သွား၏။ နားထောင်နေရင်းတန်းလန်းမှာ သူမ မျက်ရည်ကျနေပြီဖြစ်သည်။ ထိုမိန်းကလေးက တကယ်ကို ဝမ်ကျားနင်၏ fan လားဆိုတာတော့ သူတို့ သေချာမပြောတတ်သေး။

ရွှီရူကျင်းက လုကျင်းလန်၏နားနား ခပ်တိုးတိုးပြောလိုက်သည် :

"ဒီကောင်လေးသာ ကောင်းကောင်းတိုးတက်ဖို့နည်းလမ်းကို ရှာနိုင်မယ်ဆိုရင် သူ့အနာဂတ်က တောက်ပနေမှာ သေချာတယ်"

လုကျင်းလန်က ဘာမှမပြောဘဲ လက်ထဲမှဖောင်တိန်ကို နှုတ်ခမ်းပေါ် အသာဖွဖွတင်ထားလိုက်၏။

ဝမ်ကျားနင် သီချင်းဆိုပြီးချိန်မှာ တုံ့ပြန်မှုက အလွန်တက်ကြွဖွယ်ကောင်းသော်လည်း သူ ချန်ပီယံဆုကို မရခဲ့ပေ။ ဒါပေါ့၊ သူ့အတွက်တော့ ထိုအချက်က ကိစ္စမရှိ‌။

နောက်ဆုံးမှာ ချန်ပီယံဆုကို ရိနန်ရရှိသွားကြောင်း ကြေညာလိုက်ချိန် ဝမ်ကျားနင် သိပ်ပြီး စိတ်မလှုပ်ရှားမိပေ။ တမင် စိတ်လှုပ်ရှားချင်ယောင်ဆောင်ပြရသေး၏။ အကြောင်းမှာ ကင်မရာရှေ့တွင် သူ့ကိုယ်သူ စိတ်ဓာတ်ကျနေသည့်ပုံစံပေါက်အောင် နေလို့မဖြစ်သဖြင့်။

ဝမ်ကျားနင်က ဒုတိယဆုရပြီး ဝမ်းလင်က တတိယဆုရရှိသည်။ ရလဒ်ကို နှစ်ယောက်စလုံး အံ့ဩမနေဘဲ ပရိသတ်ထံ အပြုံးတစ်ပွင့်နှင့်အတူ လက်ဝှေ့ယမ်းပြလိုက်၏။

ယခုလောလောဆယ် ဖျောက်ခနဲဖောက်တာတွေ၊ ပူဖောင်းဖဲစီးကြိုးတွေနှင့်အတူ လေထုက သိပ်ကို နွေးထွေးနေပြီ။ သို့သော် ပြိုင်ပွဲဝင်သုံးဦးလုံးက တည်တည်ငြိမ်ငြိမ်ရှိနေကာ host ၏ စိတ်လှုပ်တရှားအော်သံကိုသာ အားကိုးထားကြသည်။

ဤပြိုင်ပွဲတစ်ခုလုံး နှစ်လနီးပါးကြာခဲ့၏။ အလိုအလျောက် ချန်ပီယံဖြစ်မည့်လူကို ဝမ်ကျားနင် အမှတ်မထင်သိသွားပြီးနောက်ပိုင်း သူ ပြသ‌ထုတ်ဖော်ချင်သောအရာအားလုံးကို စိတ်ပိုင်းဆိုင်ရာဖြင့် ပြသရင်း ရှေ့ဆက်ခဲ့သည်။ ယခုတော့ သူက ဒုတိယဆုရှင်နေရာရသွားပြီ။ မျှော်မှန်းထားသည်ထက် ကျော်လွန်နေ၍ သူ အလွန်ကျေနပ်သလိုခံစားရ၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now