[ 24 ]

3.7K 563 26
                                    

UNICODE

ယန်ဝမ့်ချုံနှင့်အတူပါလာသည့်မိန်းကလေးနာမည်မှာ ကစ်တီ။ သူမက မဂ္ဂဇင်းမော်ဒယ်တစ်ဦး။ ချောမောလှပသော်လည်း သူမက နာမည်ကြီးမဟုတ်ပေ။

သူတို့ ဘိလိယက်ခန်းသို့ အတူလျှောက်သွားလိုက်ကြသည်။ ယန်ဝမ့်ချုံက ကစ်တီ၏ခါးကို သိမ်း‌ဖက်ရင်း အရှေ့မှလျှောက်နေသည်။ အနောက်မှာက လုကျင်းလန်နှင့်ဝမ်ကျားနင် ဘေးချင်းယှဉ်လျက် လျှောက်ရင်း။ အလျင်လိုနေတာမျိုးမရှိဘဲ ညစာစားပြီးနောက် အညောင်းပြေလမ်းလျှောက်သကဲ့သို့ သဘောထားလေ၏။

လုကျင်းလန်က မေးလိုက်သည် :

"မင်း ဘိလိယက်ထိုးတတ်လား"

ဝမ်ကျားနင် : "နည်းနည်းပါးပါးတော့ သိတယ်"

လုကျင်းလန်က ပြုံးလိုက်ပြီး

"ဒါဆို ခဏနေ ကိုယ့်ကိုယ်စား မင်း သူနဲ့ပြိုင်ကြည့်ပေါ့"

ဝမ်ကျားနင် ထိုသူ့ကို ငဲ့မကြည့်ဘဲမနေနိုင်။

"ကျွန်တော် ခင်ဗျားကို အရှက်ခွဲသလိုဖြစ်မှာ မကြောက်ဘူးလား"

လုကျင်းလန်က ဝမ်ကျားနင်၏နားရွက်နား ကပ်ကာ အသံတိုးတိုးနှင့်ဆိုလိုက်သည်။

"မင်းသာ ဘောင်းဘီမြဲမြဲဝတ်ထားသရွေ့ ဘာမှ ကြောက်စရာမလိုဘူး"

သူ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး နောက်ပြောင်တာကို ဝမ်ကျားနင် နည်းနည်းစိတ်တိုသွားသော်လည်း public မှာ ထိုသူနှင့် အငြင်းမပွားချင်သဖြင့် စိတ်ထိန်းလိုက်ကာ ဘာမှမပြောတော့ပေ။

ဘိလိယက်ခန်းအတွင်းဝယ် သူတို့လေးယောက်ကလွဲလို့ မည်သူမှမရှိ။

ဝိတ်တာက စားပွဲနေရာကို စီစဉ်နေချိန်မှာ ယန်ဝမ့်ချုံ ကုတ်အင်္ကျီချွတ်လိုက်ပြီး ကစ်တီဆီ ပစ်ပေးကာ လုကျင်းလန်ထံသို့ လျှောက်လာလေသည်။

"ဘယ်လိုလဲ၊ ငါတို့ အရင်ဆုံး စည်းမျဉ်းသတ်မှတ်လိုက်ကြမလား"

လုကျင်းလန်က ဆက်ပြောဟူသောသဘောမျိုး လက်တစ်ဖက်မြှောက်ပြသည်။

ယန်ဝမ့်ချုံက အပြုံးနှင့်ပြော၏။

"ဂိမ်းသုံးပွဲဆော့မယ်၊ လောင်းကြေးကိုတော့ မြင့်မြင့်လေး သတ်မှတ်တာပေါ့၊ မင်း နိုင်လို့ရှိရင် ဒီည ကစ်တီက မင်းနောက်ကို လိုက်လာလိမ့်မယ်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Dove le storie prendono vita. Scoprilo ora