[ 13 ]

3.7K 604 27
                                    

Unicode

လုယွီနမ်က ဝမ်ကျားနင်ကို ကူတွဲလာရင်း လုကျင်းလန်၏ကားထဲ အရောက်ပို့ပေးလိုက်သည်။ ဒီနေ့ လုယွီနမ် မောင်းလာတာက လုကျင်းလန်၏ဇိမ်ခံကားမဟုတ်ဘဲ သာမန်ကားတစ်စီးပဲဖြစ်နေသည်။

ဝမ်ကျားနင်က စားပွဲခုံပေါ် မှောက်ချင်ယောင်ဆောင်ခဲ့သော်လည်း တကယ်တမ်း သူကိုယ်တိုင် တော်တော်သောက်ထားတာမို့ ရှင်းရှင်းလင်းလင်းအသိကပ်နေတာမျိုးမဟုတ်။

သူ ကားနောက်ခန်းမှာ လုကျင်းလန်နှင့်အတူဝင်ထိုင်လိုက်စဉ် ရှေ့ခန်းမှလုယွီနမ်က ကားစက်နှိုးလိုက်ပြီဖြစ်သည်။

ဝမ်ကျားနင် လောလောဆယ် စိတ်နှင့်လူနှင့် သိပ်မကပ်သယောင် ခံစားရ၏။ သူ ကားထဲဝင်ထိုင်ပြီးတော့ လုကျင်းလန်ကို မမှိတ်မသုန်စိုက်ကြည့်နေမိပြီ။

လုကျင်းလန်က သူ့ကို တည်တည်ငြိမ်ငြိမ်ပြန်ကြည့်ရင်း

"မင်း ကိုယ့်ကို ဘာလို့ကြည့်နေတာလဲ"

ဝမ်ကျားနင် : "ကျွန်တော်က ခင်ဗျားလောက် မတော်ဘူးလို့ ထင်တယ်ပေါ့?"

ထိုမေးခွန်းကြားတော့ လုကျင်းလန်က ရယ်လိုက်ပြီး ဘာမှပြန်မပြောဘဲ ဝမ်ကျားနင်၏ဆံပင်ကိုသာ လှမ်းဖွလေသည်။

ဝမ်ကျားနင် မျက်လုံးပင့်ကြည့်မိသည်။ သူ့အမေ နောက်အိမ်ထောင်ပြုပြီး အိမ်မှထွက်သွားကတည်းက ဘယ်သူကမှ သူ့ကို ဒီလိုဆံပင်မသပ်ပေးတာ ကြာလှပြီ။

တစ်ခါတစ်ရံ လူတွေက တခြားသူတွေဆီမှာ ကလေးလို အဆက်ဆံခံချင်ကြတယ်၊ အထူးသဖြင့် စိတ်အားငယ်နေတဲ့အချိန်ဆို။

ညဉ့်နက်နေပြီဖြစ်သည်။ လူသူကင်းမဲ့နေသောလမ်းတစ်လျှောက် လုယွီနမ်မောင်းနှင်နေသည့်ကားက တရိပ်ရိပ်ပြေးလို့။ ဝမ်ကျားနင်တစ်ယောက် လုကျင်းလန်ကို စိုက်ကြည့်နေရင်း တစ်ခဏကြာတော့ ဗိုက်ထဲက မသက်မသာခံစားလာရသည်။

ကြည့်ရတာ သူ အများကြီးသောက်လိုက်မိလို့ ဖြစ်မယ်။

ကားမှန်ချဖို့ ခလုတ်ကို လိုက်စမ်းသော်လည်း အမှောင်ထဲမှာမို့ သူ စမ်းတဝါးဝါးဖြစ်နေပြီး တော်ရုံရှာမတွေ့။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now