[ 71 ]

2.7K 375 6
                                    

Unicode

အပိုင်း - ၇၁

Private room ထဲကို ခေါ့ရှင်းဖန် ဝင်လာသည်နှင့် စားပွဲဘေးက ကုလားထိုင်မှာ ထိုင်ချလိုက်၏။ သူ့မျက်နှာ ရှုံ့မဲ့နေပုံမှာ နာကျင်မှုကို အံကြိတ်ခံထားရသည့်အလား။ မျက်နှာပေါ်မှ ဒဏ်ရာဒဏ်ချက်တွေကြောင့် မဟုတ်ဘဲ ခွဲစိတ်ထားသည့်ဒဏ်ရာ ကောင်းကောင်း မပျောက်သေးခင် ထိုးကြိတ်ခံရသောကြောင့်ဖြစ်သည်။

ဝမ်ကျားနင်‌ လေသံဖျော့ဖျော့နှင့် မေးလိုက်၏။

“ကော အဆင်ပြေရဲ့လား”

ခေါ့ရှင်းဖန်က ပြန်မဖြေဘဲ သူဌေးယွမ်ကို အေးတိအေးစက်ကြည့်နေရင်းမှ ရုတ်ခြည်း ရယ်ပစ်လိုက်သည် :

“Show အကြီးစားပါလား”

သူဌေးယွမ်က အလွန်ကြင်နာတတ်သလို ပြုံးထားပြီး

“မင်းညီလေးက မင်းအကြွေးတွေကို ကူဆပ်ပေးချင်လို့တဲ့”

ခေါ့ရှင်းဖန်က သရော်သလိုမျိုး နှာမှုတ်သည်။

“ကျုပ် ခင်ဗျားဆီမှာ ဘာလို့အကြွေးတင်နေလဲဆိုတာ မပြောပြထားဘူးမလား”

ဆောက်လုပ်ရေး site တွင် ဖြစ်ပျက်ခဲ့သော accident က တကယ်ကို မတော်တဆသက်သက်ဖြစ်ပြီး လျော်ကြေးပေးလိုက်လျှင် ပြဿနာရှိတော့မှာမဟုတ်ပေ။ သို့ရာတွင် သူဌေးယွမ်က အလုပ်သမားများကို သွေးထိုးလှုံ့ဆော်၍ ခေါ့ရှင်းဖန်အား အခက်တွေ့စေခဲ့သည်မှာ သူတို့နှစ်ယောက်ကြားက ပုဂ္ဂိုလ်ရေးမကျေလည်ချက်များကြောင့် ဖြစ်နိုင်သည်။

ထိုအကြောင်းရင်းကို လုကျင်းလန် စုံစမ်းလို့ သိပြီးသော်လည်း ခေါ့ရှင်းဖန်၏ပြဿနာကို ဖြေရှင်းဖို့ရာ ငွေကလွဲပြီး ပိုကောင်းသည့် နည်းလမ်းမရှိပေ။

သို့ဖြင့် လုကျင်းလန်က ဝင်ပြောလိုက်သည်။

“ဘာတွေဖြစ်ခဲ့တယ်၊ ဘာကြောင့် ဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးတော့ဘူး၊ အခု ကျွန်တော်တို့ ဒီပြဿနာကို ကျေအေးအောင် ဖြေရှင်းကြတာပေါ့”

ခေါ့ရှင်းဖန်က နဖူးကို လက်နှင့်အုပ်လိုက်၏။

သူဌေးယွမ်က ပြုံးလျက်

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now