[ 28 ]

3.4K 487 20
                                    

Unicode

ဇာတ်ကားထဲမှဝမ်ကျားနင်ပါဝင်သည့်အခန်း သရုပ်ဆောင်ပြီးချိန်တွင် လုကျင်းလန်က သူ့ကို အရင်တစ်ခေါက်မရောက်ဖြစ်ခဲ့သော အမဲသားကင်ဆိုင်သို့ ခေါ်သွားလေသည်။
သူတို့ရောက်သွားချိန်မှာ နောက်ကျနေပြီမို့ ဆိုင်စောင့်အဘွားတစ်ဦးကိုသာ တွေ့ရသည်။ ဒါ နောက်ဆုံးကျန်တာဟုပြောရင်း အဘွားက သူတို့အတွက် ထည့်ပေးပြီးနောက် ဆိုင်သိမ်းလေတော့၏။

‌ချောင်ကျသောလမ်းလေးထဲ လူသူကင်းရှင်းနေပြီ။ လုကျင်းလန်က လမ်းဘေးမှာပဲ ကားရပ်လိုက်ပြီး ဝမ်ကျားနင်နှင့်အတူ စားပွဲခုံပုမှာ ဝင်ထိုင်ရင်း အမဲသားကင်ကို ဝေမျှစားလေသည်။

"ဘယ်လိုနေလဲ"

လုကျင်းလန် မေးခြင်း။

ဝမ်ကျားနင် မြည်းကြည့်ပြီး ဝေဖန်လိုက်သည်။

"တော်တော်လေး ကောင်းပါတယ်၊ ဒါပေမယ့် ဒီလောက်အဝေးကြီး ညဘက်ကြီး လာစားရလောက်တဲ့အထိ ဟုတ်လို့လား"

လုကျင်းလန် : "မင်း ကောင်းတယ်ထင်ရင် လာရကျိုးနပ်ပါတယ်"

ဝမ်ကျားနင် ပြုံးလိုက်မိသည်။ အစားကောင်းကြိုက်တတ်သော လုကျင်းလန်၏စိတ်ကို သူ နားလည်သော်လည်း သူကိုယ်တိုင်သာဆိုလျှင်တော့ သေချာပေါက် ဒီလိုလုပ်ဖြစ်မှာမဟုတ်ပေ။

သိပ်ပင်မကြာလိုက်၊ ဝမ်ကျားနင် စားလို့ကုန်သွားသည်။

ဒီဇာတ်ကားတစ်ကားတည်းနှင့် နာမည်ကျော်ကြားဖို့၊ အောင်မြင်မှုရဖို့ မလွယ်ဘူးဟု လုကျင်းလန်က သူ့ကိုပြောသည်။ ဒီဇာတ်ကားကနေ အတွေ့အကြုံနှင့်အဆက်အသွယ်ကောင်းများ ချိတ်ဆက်ရုံသာ။ ယခုဆိုလျှင် ဖန်ဝေ့သည်ပင် ခေါ့ရှင်ဟန်ဆိုသောနာမည်ကို ခေါင်းထဲအမှတ်ရသွားပြီမဟုတ်လား။ နောက်ပိုင်းမှာ ဖန်ဝေ့သာ သူ့ကို ဇာတ်ကားရိုက်ဖို့ခေါ်လျှင် အတော်ဟုတ်နေပြီဖြစ်သည်။

လုကျင်းလန်၏ဆိုလိုရင်းကို ဝမ်ကျားနင်က နားလည်ပြီးသား။ မပြန်ခင်မှာ လုကျင်းလန်၏ကိုယ်အနွေးဓာတ်နှင့်နီးကပ်မှုကို သူ ခံစားအမှတ်ရနေဆဲဖြစ်ကာ ခွဲခွာဖို့ နည်းနည်းတောင် တွန့်ဆုတ်သွားခဲ့ရသည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now