Last Extra

3.9K 382 33
                                    

Unicode

အချပ်ပို - ၃ (နိဂုံး)

ဝမ်းလင် အိပ်ရာက နိုးလာချိန်မှာ ခေါင်းတွေ တဆစ်ဆစ်ကိုက်နေ၏။ မျက်လုံးဖွင့်လိုက်ပြီး မျက်နှာကြက်ကို အတော်ကြာအောင် စိုက်ကြည့်နေရင်းမှ သိလိုက်ရတာက သူ လန်လုရှိ တည်းခိုခန်းတစ်ခုတွင် ရောက်နေခြင်းဖြစ်ကာ၊ ရေချိုးခန်းဆီမှလည်း ရေကျသံ သဲ့သဲ့ကို ကြားနေရသည်။

မနေ့ညက နောက်ဆုံးမှတ်မိသလောက် ဝမ်းလင် အရက်တွေ အလွန်အကျွံသောက်ပြီး အဆုံးမှာ အသိစိတ်ပျောက်သွားခဲ့ရာ ထိုနောက်ပိုင်း ဘာဆက်ဖြစ်လဲတော့ မသိ။ မမူးခင် လန်လုမှ ဘား၌ သူ လီရုန်ကို အသစ်ထွက်ရှိထားသော single ဆိုပြနေခဲ့ခြင်းဖြစ်သည်။

ဝမ်းလင်၏ single ထွက်ရှိသည်မှာ နှစ်ရက်ကြာသွားခဲ့ပြီ။ ဘာတုံ့ပြန်မှုမှ မရှိဘူးဟု ပြောလို့မရသော်လည်း တုံ့ပြန်သည့်ပမာဏကလည်း သာမန်မျှသာ။ Fan တွေက သူ့ကို support ပေးကြသည့်တိုင် သူ့သီချင်းကို အတည်ပေါက် သွားနားထောင်ပေးမည့်လူက သူ့ပရိသတ်တွေပဲ ရှိလောက်မည်။

ဝမ်းလင် ကိုယ်ပိုင်အယ်လ်ဘမ်ထုတ်နိုင်ပါ့မလားဟုတောင် တွေးမိ၏။ သရုပ်ဆောင်တာကိုပဲ အလေးအနက်ထားရင် ကောင်းမလားဟုလည်း စဉ်းစားမိသည်။ အနည်းဆုံးတော့ သူ၏ သရုပ်ဆောင်စွမ်းရည်ကို ပရော်ဖက်ရှင်နယ်များက အသိအမှတ်ပြုထားပြီမို့ သူသာ ဆက်သရုပ်ဆောင်လျှင် ထိုနယ်ပယ်၌ တိုးတက်လာနိုင်လောက်သည်။

ဒါပေမယ့် သူ စိတ်ပါလို့လား?

ဝမ်းလင် ကိုယ့်ဘာသာ ဂစ်တာတီးရင်း သီချင်းဆိုနေစဉ် ဘားထဲဝင်လာသော လီရုန်ကို တွေ့သောအခါ သူ မရပ်တန့်မိခဲ့။ သူတို့နှစ်ဦး ချိန်းထားတာမျိုးမရှိဘဲ သူ ‌ဒီကိုရောက်နေမှန်း လီရုန် ဘယ်လိုသိသွားလဲ မပြောတတ်။

လန်လုကို လီရုန် လာမယ်မှန်း သူ မသိသလို၊ သူ ဒီကိုရောက်နေသည့်အကြောင်းပြချက်ကလည်း လီရုန်ကြောင့် မဟုတ်ပါ။ လီရုန်ကမူ ဘားထဲမှာ ဝမ်းလင် သီချင်းဆိုနေမှန်း သိသွား၍ ရောက်လာခြင်းပင်။

လီရုန်က ဆိုဖာမှာထိုင်ရင်း ဖုန်းဖြေလိုက်ကာ သူ့နောက်လိုက်လာသော ကောင်မလေးကို ပြန်ပို့လိုက်ဖို့ ဒရိုင်ဘာအား လေသံပြတ်ပြတ်နှင့် ပြောလေ၏။ ထို့နောက် ဖုန်းကို mute ထားလိုက်ကာ စားပွဲပေါ်တင်၍ ဝမ်းလင် သီချင်းဆိုတာကိုပဲ အာရုံစိုက်နားထောင်နေတော့သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now