Unicode
အပိုင်း - ၅၇
တစ်ကိုယ်လုံးအပြည့် အနက်ရောင်ဝတ်စုံကို ချပ်ချပ်ရပ်ရပ်ဝတ်ဆင်ထားသည့် ဝမ်ကျားနင်က ဟောခန်း၏ အလယ်နားလောက်မှာ တိတ်ဆိတ်ငြိမ်သက်လျက် ထိုင်နေသည်။ သူက ရှေ့ဆုံးတန်းမှာ မဟုတ်သော်လည်း လက်ရှိနေရာက view ကောင်းပြီး ခေါင်းနည်းနည်းငဲ့ကြည့်လိုက်ရုံနှင့် လုကျင်းလန်ထိုင်နေသော နေရာကို မြင်နိုင်သည်ပင်။
ဒီနှစ်တော့ မနှစ်ကလိုမျိုး ဝမ်ကျားနင်ကို လွမ်းဆွတ်အောက်မေ့ခြင်းဟူ၍ ကြားဖြတ်ဝင်သော အစီအစဉ်မရှိ။ ဝမ်ကျားနင်ကို တဖြည်းဖြည်းချင်း မေ့လျော့လာပြီဖြစ်ကာ လူအများ၏ မျက်လုံးထဲ တိုးဝင်လာတာက လူငယ်လေး ခေါ့ရှင်ဟန်သာ။
သူက ပိုချောမောပြီး ဝမ်ကျားနင်ထက်လည်း ပို၍ talent ရှိပုံရသည်။ သူ့အနာဂတ် တောက်ပနေမှာကို လူတိုင်း ခန့်မှန်းမိသော်ငြား ခေါ့ရှင်ဟန်ကိုယ်ထဲ ရှိနေသည့် ဝိညာဉ်က ဝမ်ကျားနင်ဆိုတာကိုတော့ မည်သူမှ မသိပေ။
တကယ်လို့ ဝမ်ကျားနင်သာ ဝမ်ကျားနင်အဖြစ် ဆက်ရှိနေသေးရင် ဒီညရဲ့ အတောက်ပဆုံး အလင်းရောင်က လုကျင်းလန်ကိုယ်ပေါ် မဟုတ်ဘဲ သူ့ကိုယ်ပေါ် ဖြာကျနေလိမ့်မလား။
လုကျင်းလန်က တည်ငြိမ်နေပုံပေါ်သည်။ ဟိုတစ်ခါ နိုင်ငံတကာဆုပေးပွဲလောက်တောင် ယနေ့ဆုပေးပွဲက လုကျင်းလန်အပေါ်မှာ ဖိအား ကြီးမားပုံမရှိချေ။
ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်း မျှော်လင့်ပြီးသားမို့။
ဆုပေးပွဲကျင်းပသည့် အခမ်းအနားအစဉ်လိုက်က မနှစ်ကအတိုင်း ဖြစ်သည်။ အရေးကြီးသော ဆုများ မပေးခင် Newcomer Award ကို ရှေ့မှာ အရင် ပေးအပ်မည်။ ဖိအားသိပ်မများသော်လည်း nominate ဝင်သူတွေထဲ ခေါ့ရှင်ဟန်လည်း ပါနေသဖြင့် ကြွရောက်လာသူများ အတော် မျှော်လင့်စောင့်စားနေကြ၏။
Newcomer Award ကို ကြေညာဖို့ နီးလာချိန်တွင် ဝမ်ကျားနင် ကိုယ့်ခုံမှာကိုယ် ထိုင်ရင်း နည်းနည်းတော့ စိတ်လှုပ်ရှားလာရသည်။ ဒါက သူ့အတွက် နောက်ဆုံးပန်းတိုင် မဟုတ်။ တခြားလူသစ်တွေနှင့်ယှဥ်လျှင် သူ၏ စတင်သည့်အခြေအနေက နည်းနည်းပိုသာသည်မို့ ဤဆုကိုလည်း ရနိုင်သည်ဟု မျှော်လင့်ပြီးသားပင်။ သို့တိုင် သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါ။
YOU ARE READING
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024