[ 30 ]

3.5K 465 6
                                    

Unicode

အပိုင်း - ၃၀

ဝမ်ကျားနင် သပ်သပ်ရပ်ရပ်ဝတ်စားကာ ဝမ်းလင်ကို လှမ်းခေါ်ပြီးနောက် ကုမ္ပဏီကိုပြန်သွားဖို့ တွေးထားသည်။ သူ့အနေနှင့် မန်နေဂျာဟွမ်ကို စကားပြောဖို့ လိုအပ်နေပြီ။ လိန်ရှင်းက ကုမ္ပဏီမှတက်သစ်စလူငယ်များကို ထိုနည်းဖြင့် ရောင်းစားဖို့ကြံနေသည်ဆိုလျှင်၊ ဒီစာချုပ်ပျက်သွားသည်ဆိုလျှင်တောင် ဝမ်ကျားနင် ကိုယ့်လွတ်လမ်းကိုယ် ရှာကြံထားမှ တော်ကာကျလိမ့်မည်။

ဖြစ်ပျက်သွားသည့်ကိစ္စက အတော်လေး မနှစ်မြို့စရာမို့ အခန့်မသင့်လျှင် သူ့ကိုပါ သက်ရောက်သွားနိုင်သော်လည်း တစ်ခါတရံမှာ ဘယ်သူမဆို အလျှော့မပေးလိုစိတ်ရှိကြသည်မဟုတ်ပါလား။ ဝူသုံ့ချင်နှင့်ဟယ့်ချောင်ရှုလိုလူမျိုးတွေကို သူ တကယ်ပဲ စက်ဆုပ်မိ၏။

သူ ကုမ္ပဏီကို မရောက်သေးခင် ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ ဟယ့်ချောင်ရှုထံမှ။ တစ်ခဏလောက် ချီတုံချတုံဖြစ်နေပြီးနောက် သူ ဖုန်းတန်းချပစ်လိုက်သည်။ သူ့နာမည်ဆိုးက အားလုံးနားထဲ ရောက်နေလောက်ပြီဖြစ်ရာ ဒီဖုန်းကောလ်တစ်ခုနှင့် ဘာမှလုပ်လို့မရတော့။ ကုမ္ပဏီရောက်လျှင် ဘယ်လိုနေနေ ကိစ္စရှင်းရဦးမှာဖြစ်သည်။

အဆုံးမှာတော့ သူ လိန်ရှင်းသို့ရောက်သွားချိန်မှာ ဟယ့်ချောင်ရှုနှင့်ဝူသုံ့ချင်ကို အရိပ်အယောင်သော်မျှ မမြင်ရပေ။ သူ မန်နေဂျာဟွမ်ကန်၏ secretary ကို မေးမြန်းစုံစမ်းကြည့်လိုက်တော့ ယနေ့ ကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင်များအစည်းအဝေးရှိသည်ဟု ဆိုသည်။ ဟွမ်ကန်က လိန်ရှင်း၏အထွေထွေမန်နေဂျာဖြစ်၍ အစည်း‌အဝေးကို တက်ရောက်နေသည်။ ဝမ်ကျားနင် တွေ့ချင်သောလူကို တွေ့ခွင့်မရပေ။

ခဏကြာတော့ စိတ်ဓာတ်ကျနေသည့်ရုပ်နှင့် ဝမ်းလင်လည်း ရောက်လာသဖြင့် နှစ်ယောက်သား ခါတိုင်းနေနေကျ အခန်းငယ်ထဲမှာပဲ စကားပြောနေလိုက်ကြသည်။ သိပ်ပင် မကြာလိုက် ရိနန်တစ်ယောက် ကပျာကယာရောက်ချလာပြီး

"လိန်ရှင်းရဲ့စီမံခန့်ခွဲရေးအပိုင်းမှာ အပြောင်းအလဲအသစ်ဖြစ်တော့မှာ မင်းတို့ သိပြီးပြီလား"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now