[ 66 ]

2.6K 392 7
                                    

Unicode

အပိုင်း - ၆၆

နားရက်နှစ်ရက်ပြီးသွားတော့ ‌ဝမ်ကျားနင်နှင့် လုကျင်းလန်တို့ ရိုက်ကူးရေး ဆက်လုပ်ကြရသည်။

လုကျင်းလန်၏ အသေးစိတ်ကျကျ ဂရုတစိုက်လုပ်ကိုင်မှုကြောင့် ရိုက်ကူးနှုန်းမှာ သိပ်မမြန်သည့်တိုင်အောင် ခြုံပြောရလျှင် ချောချောမွေ့မွေ့ရှိသည် ဆိုရမည်။ ကိုယ်တိုင်ရွေးထားသော လူသစ် ကျန်းကျွင်းကို လုကျင်းလန်က အတော် စိတ်တိုင်းကျပုံရ၏။ ကျန်းကျွင်းမှာ ရှေ့လျှောက် အလားအလာကောင်းတာကို ဝမ်ကျားနင်လည်း ခံစားမိသည်။ တစ်ခါတစ်ရံ ကောင်လေး၏ သရုပ်ဆောင်စိတ်ကူးဥာဏ်တွေက စိတ်ဝင်စားစရာကောင်းသားပင်။

ဒီနေ့ရိုက်ရမည့် scene မှာလည်း ထိုနည်းအတိုင်းဖြစ်သည်။

ယွမ်ရွှီ၏ဖခင် သေလုဆဲဆဲအချိန်တွင် ယွမ်ရှန်းက ယွမ်ရွှီဆီ ရုတ်တရက်ရောက်လာပြီး လာနှုတ်ဆက်သော ဇာတ်ဝင်ခန်း။

ယွမ်မိသားစုတို့ နေထိုင်သော ခြံဝန်းလေးထဲမှာပဲ ထို scene ကို ရိုက်ကူးမှာဖြစ်သည်။ သည်အချိန်ထိအောင် ယွမ်ရွှီက ဖခင်ဖြစ်သူ၏သေလုဆဲဆဲအခြေအနေကို တွေးပြီး ပူဆွေးဝမ်းနည်းနေတာမျိုး မရှိသေး။ ခြံဝန်းထဲက လှေကားထစ်ငယ်များထက်မှာ မလှုပ်မယှက် ဆောင့်ကြောင့်ထိုင်နေမိသည်။

ထိုအခိုက် ယွမ်ရှန်းတစ်ဖြစ်လဲ ကျန်းကျွင်းက ရောက်လာခဲ့၏။

ဇာတ်ညွှန်းအရ၊ ဒါရိုက်တာ၏အလိုအရ ကျန်းကျွင်းက နှုတ်ဆက်ဖို့ လာခဲ့ခြင်းပင်။ ဘယ်လိုဖြစ်သွားမှန်း ဝမ်ကျားနင်လည်း မသိ။ ကျန်းကျွင်းက သူ့လက်ကို ဆုပ်ကိုင်လှုပ်ယမ်းကာ အနာဂတ်မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပေးပြီးနောက် လှည့်ထွက်သွားရမှာဖြစ်သည်။

Official shooting စချိန်မှာတော့ ကျန်းကျွင်းက စိတ်လှုပ်ခတ်လွယ်နေပုံပင်။ တချို့အပြုအမူများက ကနဦး စီစဉ်ထားသည့်အတိုင်း မဟုတ်ဘဲ စိတ်ခံစားချက်အတိုင်း အပြည့်အဝသရုပ်ဖော်မိသွားပုံရသည်။ သူက ဝမ်ကျားနင်၏လည်တိုင်အနောက်ဘက်ကို လက်တစ်ဖက်တင်ကာ ပခုံးပေါ် ခေါင်းအပ်၍ ပွေ့ဖက်လိုက်ပြီးမှ လွှတ်ပေးလိုက်သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora