[ 38 ]

3K 490 29
                                    

Unicode

အပိုင်း - ၃၈

အနေအထားမှာ ကသိက‌အောက်ဖြစ်စရာကောင်းလွန်း၏။

ဝမ်းလင်ကတော့ သူ နားမထောင်ချင်သောအကြောင်းအရာများစွာကို သိလိုက်ရသလို ခံစားရသော်ငြား ယခုမှ လှည့်ထွက်သွားလို့လည်း အဆင်မပြေ။ သူ ဝမ်ကျားနင်ကို ကြည့်လိုက်ပြီး ဘာပြန်ပြောမလဲ စောင့်နေပေးဖြစ်သည်။

ဝမ်ကျားနင်က ယန်ရို့ဝေ့စကားကို နည်းနည်းမှမတုံ့ပြန်ပေ။

စိတ်ခံစားချက်အတက်အကျလွယ်နေသောယန်ရို့ဝေ့မှာမူ ရင်ဘတ်ပင် နိမ့်ချည်မြင့်ချည်ဖြစ်ကာ မောဟိုက်နေသည်။

"မင်းကမှ နုံအတာမဟုတ်ဘူးလား"

ဝမ်ကျားနင်က ရုတ်တရက်ပြောလိုက်၏။
"ငါနဲ့လုကျင်းလန် နှစ်ယောက်လုံးက ငါတို့ဘာလိုချင်လဲ၊ ဘာတွေလုပ်နေလဲဆိုတာကို ကောင်းကောင်းသိတယ်"

ယန်ရို့ဝေ့က သူ့ကို အံ့ဩတကြီးကြည့်နေသည်မှာ နားမလည်နိုင်သကဲ့သို့။

ဝမ်ကျားနင်က စကားဆက်၏။

"လုကျင်းလန်က မင်းအပေါ် စိတ်ရင်းနဲ့ဖြစ်မယ်လို့ ဘာကြောင့်တွေးရတာလဲ၊ ဒါကမှ နုံအတာ"

ဝမ်းလင်က ဝင်ထိန်းသည်။

"ရှင်ဟန်"

ဝမ်ကျားနင်က ခေါင်းခါလိုက်ပြီး ယန်ရို့ဝေ့ကို ပြော၏။

"လုကျင်းလန်ရဲ့ စစ်မှန်တဲ့စိတ်ရင်းကို တော်ရုံလူရနိုင်မှာမှ မဟုတ်တာ..အဲ့ထဲ ငါတို့လည်း မပါတာ ထူးဆန်းမနေဘူး"

ယန်ရို့ဝေ့က လက်ပင့်ကာ နှုတ်ခမ်းထောင့်မှဒဏ်ရာကို ပွတ်သုတ်မိသည်။ အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်

"ဒါဆို မင်းကလည်း သူ့အပေါ် စိတ်ရင်းမဟုတ်ဘူးဆိုတဲ့သဘောလား"

"ငါက အခုလက်ရှိ မင်းပုံစံမျိုး ဖြစ်မလာချင်လို့ပဲ"

ယန်ရို့ဝေ့မျက်လုံးများက ဟိုဟိုသည်သည် ဦးတည်ရာမဲ့နေပြီ။ ဘယ်ဆီရောက်လို့‌ရောက်နေမှန်း မသိရ။

ဝမ်ကျားနင်က ထပ်ပြောလိုက်သည်။

"အပြင်မှာ လူ‌တွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတုန်း ဘယ်သူမှ မင်းကို မမြင်ခင် ထွက်သွားဦး၊ မင်းကို ယွမ်ချန်းနဲ့တွဲမြင်ပြီး ဒီကိစ္စသာ ပေါက်ကြားသွားလို့ကတော့ ဒီအသိုင်းအဝိုင်းထဲ အကြီးအကျယ် အတင်းပြောစရာဖြစ်သွားလိမ့်မယ်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Où les histoires vivent. Découvrez maintenant