[ 21 ]

3.8K 600 18
                                    

Unicode

စားသောက်ပြီးနောက် လုကျင်းလန်က ဝမ်ကျားနင်ကို စောစောအိပ်ရာဝင်ခိုင်းသည်။ သူ့အတွက် ပြင်ပေးထားသောအခန်းက ယခင်နှင့်အတူတူပဲဖြစ်ကာ ပိုပြီး သက်တောင့်သက်သာရှိစေ၏။ လုကျင်းလန်ကလည်း အခန်းထဲလိုက်ဝင်လာကာ စောင်ထူထူလဲပေးလေသည်။

ဒီနေ့ နည်းနည်းပိုအေးတယ်ဆိုပဲ။

ထို့နောက် လုကျင်းလန်က အခန်းတံခါးဖွင့်ကာ ထွက်သွားမည် ပြင်ပြီးမှ ဝမ်ကျားနင်ကို မေးလိုက်သည်။

"မင်း ကိုယ့်ကို ပြောစရာဘာမှမရှိတော့ဘူးလား"

ဝမ်ကျားနင်က အိပ်ရာပေါ်မှာ ထိုင်နှင့်နေပြီ။ ထိုစကားကြားချိန်မှာတော့ သူ ထရပ်ကာ လုကျင်းလန်ဆီ ခြေနှစ်လှမ်းလောက်နှင့် အရောက်သွားပြီး ထိုသူ့မျက်နှာကို လက်ဖြင့်ပင့်ကိုင်ရင်း သိပ်သိပ်သည်းသည်းနမ်းမိသည်။

နမ်းပြီးတော့ "Goodnight" ဟု ပြောလိုက်၏။

လုကျင်းလန်က ပြုံးလျက် 'Goodnight'ဟုပြန်ပြောကာ တံခါးကူပိတ်ပေးသည်။

အစက ဝမ်ကျားနင် မသိစိတ်အလျောက် တံခါးလော့ခ်ချဖို့ပြင်ပြီးမှ သူ့မှာ ဖုံးကွယ်စရာဘာမှမရှိတော့မှန်း အသိဝင်သွားသဖြင့် လက်ပြန်ရုပ်လိုက်လေပြီ။

လုကျင်းလန်သိသွားတာက သူ့ကို စိတ်သက်သာရာရစေသလို။

ဝမ်ကျားနင် ညှိနှိုင်းသည်အထိ လုကျင်းလန်ဘက်မှစောင့်ချင်သည်။ ယခုအနေအထားအရ ဝမ်ကျားနင် အနှေးနှင့်အမြန်ဆိုသလို ညှိနှိုင်းလက်ခံတော့မည်ဟု လုကျင်းလန်က စိတ်ထဲကောင်းကောင်းသိနေ၏။ သို့သော် သူ ဝမ်ကျားနင်ကို အတင်းအကျပ်ဆုံးဖြတ်ချက်ချခိုင်းမှာမဟုတ်ပေ။
.
.
.

နောက်တစ်နေ့။

ဝမ်ကျားနင် ရုပ်သံလွှင့်ဌာနသို့ ရီဟာဇယ်လုပ်ဖို့သွားရသည်။ သူ ဖိုင်နယ်ပွဲစဉ်မှာဆိုမည့်သီချင်းပြောင်းချင်ကြောင်း ဒါရိုက်တာကို ပြောလိုက်၏။

ကြားကြားချင်း ဒါရိုက်တာက သဘောမကျပေ။ ဒီအချိန်တောင် ရောက်နေပြီ၊ ရုတ်တရက်ကြီး သီချင်းပြောင်းလို့ ဘယ်ဖြစ်ပါ့မလဲဟု ဆိုသည်။ ပြန်ပြင်ဆင်ဖို့ဘယ်နှရက်ကျန်သလဲ၊ ရိုက်ကွင်းမှာဖြစ်လာမယ့်အခြေအနေ၊ အကျိုးသက်ရောက်မှုကို ထည့်တွက်ပြီးပြီလားတဲ့။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now