[ 89 ]

2.1K 317 7
                                    

Unicode

အပိုင်း - ၈၉

ပရိုဂရမ်နှစ်ခုတွင် ပါဝင်ပြီးနောက်ပိုင်း လုကျင်းလန်က public ရှေ့ ထပ်ပေါ်မလာတော့။ သို့ပေသည့် ဝမ်ကျားနင်ကမူ အနားယူဖို့နေနေသာသာ ဇာတ်ကားတစ်ခုလုံး ပရိုမိုးရှင်းအတွက် အဓိကတွန်းအားမှာ သူ ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းကျွင်းက ဝမ်ကျားနင်လောက် နာမည်မကြီးသေးတာမို့။

ရုပ်သံလွှင့်ဌာနများစွာမှ variety show များတွင် ဆက်တိုက်ပါဝင်ရကာ အသည်းအသန် ပရိုမိုးရှင်းဆင်းနေရသော ဤကာလတွင် ပရိသတ်များ သူ့ကို မြင်ရလွန်း၍ ငြီးငွေ့သွားမှာတောင် စိုးရသည်။

ထိုသို့ လှိုင်းသဖွယ် ရိုက်ခတ်ပြီးနောက် Bitter Summer Movie ထွက်ရှိလာပေပြီ။

တကယ်တမ်း ဇာတ်လမ်းအကြောင်းအရာတစ်ခုတည်း ကြည့်လျှင် ထိုဇာတ်ကားက လူကြိုက်များလောက်သည့် topic မဟုတ်သော်လည်း ပွဲဦးထွက်တွင် box office ရလဒ်ကောင်း ရရှိခဲ့သည်။ ဝမ်ကျားနင်ကြောင့်လို့ ပြော၍ရသော်ငြား ဒီကာလမှာ လုကျင်းလန်၏ကျော်ကြားမှုကြောင့်လည်း လူတွေ ပိုပြီး စိတ်ဝင်စားလာခြင်းပင်။

‘ခေါ့ရှင်ဟန် ဇာတ်ဆောင်မင်းသားအဖြစ် ပထမဆုံး ပါဝင်တဲ့ ဇာတ်ကား’ဆိုတာထက် ‘လုကျင်းလန် ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးတဲ့ဇာတ်ကား’ဆိုပြီး လက်မှတ်ရောင်းအား ပိုမြင့်သွားခြင်းဖြစ်သည်။ အင်တာနက်ပေါ်မှာပဲဖြစ်ဖြစ် သတင်းမီဒီယာကပဲဖြစ်ဖြစ် movie review ရေးလျှင် ဒါရိုက်တာလုကျင်းလန်၏ ဖန်တီးမှုကိုပဲ အသားပေးကာ ထို့နောက်မှာမှ ဇာတ်ဆောင်မင်းသားနှစ်ဦးဖြစ်သော ဝမ်ကျားနင်နှင့် ကျန်းကျွင်းကို ဖော်ပြကြ၏။

ဝမ်ကျားနင်၏ သရုပ်ဆောင် စကေးလ်ကောင်းမှန်း အရင် movie မှာကတည်းက အသိအမှတ်ပြုပြီးကြပြီ။ သူ လက်ရှိ movie မှာ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းနေပါစေ ပထမဆုံးအကြိမ်လိုမျိုး လူတွေကို အံ့အားသင့်စေဖို့ရာ ခဲယဉ်းသည်ပင်။ အင်တာနက်၊ မီဒီယာတွင် လုကျင်းလန်နှင့် ကျန်းကျွင်းကိုပဲ ဆွေးနွေးနေကြကာ တော်တော်များများ မျှော်မှန်းထားသည်က အထူးသဖြင့် လုကျင်းလန်ကို။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now