[ 18 ]

3.6K 562 20
                                    

Unicode

ဝမ်ကျားနင် ဆက်မသောက်နိုင်တော့သလို ခံစားရသည်။ လူတစ်ယောက်နှင့်စကားပြောနေသော ဟယ့်ချောင်ရှုဆီ သွားကာ သူ ခေါင်းမူးလာသဖြင့် အရင်အနားယူချင်ကြောင်း ပြောလိုက်၏။

အစပိုင်း ဟယ့်ချောင်းရှုက သိပ်သဘောမကျပေ။ ဝမ်ကျားနင်က သူ မူးလျှင် အလွယ်တကူရစ်တတ်ကြောင်း၊ ရှက်စရာကောင်းတာတွေ လုပ်မိမှာစိုးကြောင်း ပြောတော့မှ ဟယ့်ချောင်ရှုက သူ့ကို အရင်ပြန်ခွင့်ပေးလိုက်သည်။

ဝမ်ကျားနင် ခြေလှမ်း သုံးလေးလှမ်းပဲလျှောက်ရသေး၊ ကျန်းယုံဖေးက သူ့ရှေ့မှာ လာရပ်ကာ ဂျူနီယာမောင်လေးဆိုပြီး သူများတွေကို မိတ်ဆက်ပေးနေတာမို့ တစ်ခွက်သောက်လိုက်ရပြန်၏။

ညစာစားပွဲခန်းမအပြင်ဘက်ကို လျှောက်လာချိန်မှာ ဝမ်ကျားနင် ခေါင်းမူးနေပြီ။ သူ ဟယ့်ချောင်ရှုကို

"ကျွန်တော် သန့်စင်ခန်းသွားလိုက်ဦးမယ်"

ထိုသို့ပြောပြီး ခန်းမနှင့်သိပ်မဝေးသောနေရာရှိ သန့်စင်ခန်းသို့ သူ့ဘာသာသွားလိုက်သည်။

သန့်စင်ခန်းတစ်ခုလုံး လူရှင်းလို့။ ဝမ်ကျားနင် ကိုယ့်နဖူးကိုယ် လက်ဖြင့်ပွတ်သပ်နေမိသည်။ အကျင့်ပါနေသည့်အတိုင်း ကန့်လန့်ကာအခန်းသို့ လျှောက်သွားလိုက်ကာ တံခါးပိတ်မည်ပြင်ချိန်မှာပဲ တစ်စုံတစ်ယောက်က ကျူးကျော်ဝင်ရောက်လာခဲ့၏။

ဝမ်ကျားနင် အံ့အားသင့်သွားရသည်။ အခန်းထဲရောက်လာသောလုကျင်းလန်က တံခါးကို အတွင်းဘက်ကနေ လော့ခ်ချလိုက်လေပြီ။ တစ်ချိန်တည်းမှာပဲ ဝမ်ကျားနင်ကို အနောက်မှသိုင်းဖက်ကာ သူ့မေးကို လက်တစ်ဖက်ဖြင့် ဆွဲမော့၍ နှုတ်ခမ်းတွေကို နမ်း‌လာတော့သည်။

နမ်းပြီးတော့ ဝမ်ကျားနင် အားကုန်သုံးကာ လုကျင်းလန်ကို တွန်းလိုက်သည်။ ကန့်လန့်ကာအခန်းနံရံကို မှီကာ မောဟိုက်နေရင်း

"ခင်ဗျား ကျွန်တော့်ကို ဘာတွေတိုက်ခဲ့တာလဲ"

လုကျင်းလန်က နည်းနည်းအံ့ဩသွားဟန်။

"ကိုယ် Seychelles ကနေ အပြန်မှာ ဝယ်ခဲ့တဲ့သစ်သီးဝိုင်ပဲ၊ ဒီလိုသိသိသာသာတုံ့ပြန်မှုရှိတယ်လို့ တစ်ခါမှမကြားဖူးဘူး"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now