[ 80 ]

2.7K 373 16
                                    

Unicode

အပိုင်း - ၈၀

ဟင်းချက်နည်းများကို ဆယ်မိနစ်လောက် ရှာဖတ်ကြည့်ပြီးနောက် ဝမ်ကျားနင် အချိန်ဆက်ဆွဲနေလို့ မရ၍ ဖြစ်ချင်ရာဖြစ်စေတော့ဟု တွေးကာ သန့်စင်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

သူ မီးဖိုချောင်ထဲ ဝင်သွားသည်နှင့် အမေလုကလည်း အနောက်မှ လိုက်လာပေပြီ။

ဝမ်ကျားနင် အမှတ်မထင် ငဲ့ကြည့်လိုက်ရာ အမေလုရဲ့ ခေါင်းပေါ်က ဆံပင်လိမ်ကောက်ကောက်တွေ အရှေ့ကို ငိုက်နေတာ တွေ့လိုက်ရသည်။ သူမပုံစံက မိသားစုထဲမှ အထူးပုဂ္ဂိုလ်နောက် တကောက်ကောက် လိုက်နေသည့်အလားပင်။

တော်သေးတာက ငါးကို အကြေးခွံခွာဖို့ ကိစ္စ ကျန်သေးလို့။ မဟုတ်ရင် ဝမ်ကျားနင် လုကျင်းလန်ပြန်လာချိန်အထိ သန့်စင်ခန်းထဲမှာ ပုန်းနေရလိမ့်မည်။

အိုးထဲကို ဆီထည့်ပြီး မီးညှိဖို့ အသင့်ဖြစ်တော့မှ ဝမ်ကျားနင် ကြက်သွန်ဖြူ၊ကြက်သွန်နီနှင့် ဂျင်းတွေ မပြင်ဆင်ရသေးမှန်း ရုတ်တရက် သတိရလိုက်သည်။ သူ တွေ့လိုက်သော ဟင်းချက်နည်းက ငါးကြင်းပေါင်း။ ထိုဟင်းချက်ဖို့ဆို ငရုတ်သီးနှစ် ပြင်ဆင်ဖို့ လိုအပ်သည်။

ဆီပူလာတော့မည့်ဆဲဆဲ သူ ဂျင်းတွေ၊ ကြက်သွန်တွေ နွှာဖို့ အချိန်မရှိမှာ စိုးရသည်။ သို့နှင့် ဝမ်ကျားနင် လက်ရုပ်လိုက်ကာ ရေခဲသေတ္တာဖွင့်ပြီး ငရုတ်ကောင်းနှင့် ကြက်သွန် ရှာရ၏။ ဂျင်းနဲ့ ကြက်သွန်ဖြူကတော့ အောက်က ကြောင်အိမ်ထဲ ရှိမယ့်ပုံပဲ။ နေပါဦး..ငရုတ်ပွတွေကရော ဘယ်မှာလဲ?

ဝမ်ကျားနင် ချွေးပျံလာသည်။

အစတုန်းက အမေလုက မျှော်လင့်တကြီးဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ခေါင်းမပါသော ယင်ကောင်လေးလို တဝီဝီ ပျာယာခတ်နေသော ဝမ်ကျားနင်ကို ကြည့်ရင်း၊ သူမ စိတ်ပူသွားရပြီ။

ဒီကလေးကြည့်ရတာ ဟင်းမချက်တတ်ပုံပဲ၊ နောက်ဆို ဘယ်လိုလုပ်ကြမလဲ။

ဒါပေမယ့် အငယ်ဆုံးသားက ချက်တတ်ပြုတ်တတ်တာပဲ၊ သူတို့မှာ ပိုက်ဆံလည်း ရှိတယ်ဆိုတော့ တစ်ယောက်ယောက်ကို ငှားလိုက်ရင်လည်း ကိစ္စမရှိပါဘူး။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Tempat cerita menjadi hidup. Temukan sekarang