[ 17 ]

3.3K 513 6
                                    

Unicode

ဝမ်ကျားနင် တုံ့ပြန်တာ လွန်သွားမှန်း ကိုယ့်ကိုယ်ကိုယ်သိလိုက်သည်။ အခုနက အခြေအနေကို ဒီထက်ပိုကောင်းသောနည်းလမ်းဖြင့် တုံ့ပြန်သင့်သော်လည်း သူ စိတ်လိုက်မာန်ပါလုပ်မိလေပြီ။

စားပွဲနှင့်တိုက်မိပြီး သူ ကြမ်းပြင်ပေါ်သို့ ထိုင်လျက်သား ကျသွားသည့်အခိုက် လုကျင်းလန်၏မျက်နှာထက် ဇဝေဇဝါအရိပ်အယောင်ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။ သူ တတ်နိုင်သမျှ စိတ်ငြိမ်ငြိမ်ထားဖို့ကြိုးစားရင်း လုကျင်းလန် သံသယဝင်လာမည့်လုပ်ရပ်မျိုးကို သူ လုပ်လို့မဖြစ်။

ဝမ်ကျားနင် ကြမ်းပြင်ပေါ်မှအမြန်ထလိုက်ကာ ရေစက်များကို လက်ဖြင့် သပ်ချမိသည်။

ဆိုဖာပေါ်ထိုင်နေဆဲလုကျင်းလန်က သူ့ကို တစ်ခဏကြည့်နေပြီးမှ မတ်တတ်ရပ်ကာ towel သန့်သန့်တစ်ခု ယူပေးလေ၏။

ဝမ်ကျားနင် လှမ်းယူပြီးနောက် ကိုယ်ပေါ်မှရေများကို သုတ်နေစဉ်။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ဆက်တိုက်ဆိုသလို သတိပေးနေရသည်။

လုကျင်းလန်ရဲ့သံသယကို ဆွပေးလို့မဖြစ်ဘူး...

မလိုအပ်တဲ့အပြုအမူတွေ ဘာမှမလုပ်မိစေနဲ့...

ထိုအခိုက် နားနေခန်းတံခါးကို အပြင်ဘက်မှ ခေါက်လာလေပြီ။

ဝမ်ကျားနင် တံခါးဘက်သို့ လှမ်းကြည့်လိုက်မိသည်။ လုကျင်းလန်က မေး၏ :

"ဘာကိစ္စလဲ"

အပြင်ဘက်မှစုန်သုံ့၏အသံထွက်ပေါ်လာကာ

"ကျင်းလန်၊ မိန်းကလေးကျန်းယုံဖေး ရောက်နေတယ်၊ ဒီည ဒိုင်တွေကို ညစာကျွေးချင်လို့ဆိုပြီး"

ထိုစကားကြားချိန်မှာ လုကျင်းလန် ဝမ်ကျားနင်ကို ကြည့်မိသွားသည်။

ကျန်းယုံဖေးက ဒီနှစ်ထဲမှာမှ နာမည်ကြီးလာသည့် အဆိုတော်မိန်းကလေး။ သူမ ကျော်ကြားလာရသည့်အကြောင်းရင်းက နှစ်အစပိုင်းတွင် Starlight မှ variety show တစ်ခု၌ ပါဝင်ခဲ့သောကြောင့်ဖြစ်သည်။ သူမ၏အဆိုစွမ်းရည်က ရွှီရူကျင်း၊ ဝမ်မေ့တို့နှင့်ယှဉ်လျှင် သိပ်မမီသော်လည်း ထိုနှစ်ယောက်ထက် သူမက ပိုနာမည်ကြီးသွားပြီး လူစိတ်ဝင်စားခံရတာ ပိုများသည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin