Extra 2

2.6K 355 13
                                    

Unicode

အချပ်ပို - ၂

ယန်းယန်းက လုကျင်းလန်၏ရင်ခွင်ထဲ ပစ်ဝင်ကာ ကလေးလုပ်နေပြီး မထချင်သေး။ သားအဖနှစ်ဦး ဆုံရဖို့ ရှားပါးသောကြောင့် အခု တော်တော်လေး ခင်ခင်မွတ်မွတ်ဖြစ်နေပုံရသည်။

ကလေး၏ ဆံသားအိအိကို လုကျင်းလန်က လက်နှင့် အသာသပ်ပေးကာ ကျန်လက်တစ်ဖက်ဖြင့် ကျောပြင်ကိုလည်း အသာပုတ်ပေးနေ၏။

ဝမ်ကျားနင် အကျောဆန့်လိုက်ရင်း

“ငါ မနက်စာ သွားပြင်လိုက်ဦးမယ်”

လုကျင်းလန်က အလျင်အမြန်ပဲ

“ကိုယ် ပြီးရင် လုပ်ပေးပါ့မယ်”

“နားလိုက်ပါ”

ဝမ်ကျားနင်က ပြောသည် - “မင်း မနေ့ညက တအားနောက်ကျမှ ပြန်ရောက်လာတာလေ”

ထိုသို့ဆိုလိုက်သော်ငြား ဒီမှာ ယန်းယန်းရှိနေမှတော့ လုကျင်းလန် နားဖို့ အချိန်ရမှာတောင် မဟုတ်ပေ။

ယန်းယန်းက လုကျင်းလန်၏ရင်ဘတ်မှာ မျက်နှာအပ်ထားလျက် မေးလိုက်သည်။

“ဒယ်ဒီ သားကို အပြင်ခေါ်သွားပေးမှာလား”

လုကျင်းလန်က ခပ်ဖွဖွပြောလေ၏။

“သားက ဘယ်ကို သွားကစားချင်လို့လဲ”

ယန်းယန်းက ခဏ တွေးကြည့်ပြီးနောက်

“သား ကစားကွင်းကို သွားချင်တယ်၊ revolving restaurant မှာလည်း ဘူဖေးစားချင်တယ်”

လုကျင်းလန် ပြုံးမိသွားရကာ

“Revolving restaurant က ဘယ်မှာလဲ၊ သားက ဘူးဖေးဆိုတာကို သိတယ်လား”

ယန်းယန်းက ဆို၏ : “လျိုကျားဖင့်‌ ပြောတာ”

ထိုအချိန်မှာပဲ ဝမ်ကျားနင်က အနားရောက်လာပြီး ယန်းယန်း၏အနွေးထည်ကို လက်က ကိုင်လာလျက် ကလေးအား ဆွဲထူပေးပြီးနောက် အနွေးထည်ကူဝတ်ပေးရင်း ပြောလိုက်သည်။

“လျိုကျားဖင့်ဆိုတာ မူကြိုက သားသူငယ်ချင်းလေ၊ နောက်ပြီး အဲ့ revolving restaurant ဆိုတာက ဈေးဝယ်စင်တာရဲ့ ထိပ်ဆုံးအလွှာမှာ အသစ်ဖွင့်လိုက်တဲ့ဆိုင်”

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now