[ 40 ]

2.8K 410 21
                                    

Unicode

အပိုင်း - ၄၀

ဝမ်ကျားနင်တစ်ယောက် လုကျင်းလန်ကို ထိုနည်းအတိုင်း အကြိမ်ကြိမ်ကျီစယ်ပြီးချိန်မှာတော့ လုကျင်းလန်က သူ့ခေါင်းနောက်ဘက်ကို ထိန်းကိုင်ကာ သူ့အား နင့်နင့်နဲနဲနမ်းလာတော့သည်။

ဝမ်ကျားနင်လည်း လုကျင်းလန်၏လည်တိုင်ကို သိုင်းဖက်ကာ အနမ်းကို ပိုမိုနက်ရှိုင်းစေလိုက်သည်။ တစ်ချိန်တည်းလိုလို သူ့ခြေထောက်နှစ်ဖက်က ကုတင်ထောက် ဒူးထောက်ကျသွားရပြီ။ လုကျင်းလန်၏လက်နှစ်ဖက်က သူ့တင်ပါးကို ဝိုက်ကာ သိမ်းဖက်လိုက်သည်။ ထိုသူ့ပေါင်ပေါ်ထိုင်လျက်သားဖြစ်သွားချိန် ဝမ်ကျားနင် မောဟိုက်စပြုလာပြီး သူတို့ကိုယ်အောက်ပိုင်းသည်လည်း နီးနီးကပ်ကပ်ဖိထားမိလျက်သား။

သည်လိုအခြေအနေထိရောက်မှတော့ အတူပေါင်းစည်းနေထိုင်သည့်အထိမ်းအမှတ်အဖြစ် နှစ်ဦးသား ညစာမစားရသေးခင် ချစ်တင်းနှောလိုက်ကြတော့သည်။

ဒီတစ်ကြိမ်မှာ လုကျင်းလန်က ကွန်ဒုံးမသုံးခဲ့ပေ။

စစချင်း ဝမ်ကျားနင်က အနည်းငယ်တွန့်ဆုတ်နေသော်လည်း သူတို့နှစ်ဦးလုံး၏ private life မှာ ရှုပ်ရှုပ်ထွေးထွေးမရှိသည်မို့ ပြဿနာမရှိလောက်ဘူးဟု တွေးမိသည်။

တစ်ခုပဲ...ကိစ္စပြီးတဲ့နောက်မှာ သန့်ရှင်းရေးလုပ်ရတဲ့ ကရိကထများတာကလွဲလို့။

ဝမ်ကျားနင် ရေချိုးပြီးထွက်လာချိန်မှာ လုကျင်းလန်က မီးဖိုချောင်ထဲ၌ ညစာချက်နေပြီဖြစ်သည်။

ယနေ့ လုကျင်းလန်က တရုတ်အစားအစာဖြစ်သည့် အကြော်အလှော်နှစ်ခွက်နှင့် ဟင်းရည်သောက်တစ်ခွက်ပြင်ဆင်ထားသည်။ ရိုးရှင်းသော်လည်း အရသာမှာ ထူးထူးကဲကဲ။

ညစာစားနေရင်း ဝမ်ကျားနင် တော်တော်လေး ဗိုက်ဆာနေသည်မို့ ထမင်းနှစ်ပန်းကန်တောင် စားလိုက်သည်။ စားသောက်ပြီးတော့လည်း လုကျင်းလန်က ပန်းကန်များကိုယူကာ မီးဖိုချောင်သို့ သွားဆေးဖို့ပြင်နေဆဲပင်။

ဝမ်ကျားနင် အားတုံ့အားနာဖြစ်သွားကာ ပြောလိုက်ရသည်။

"ကျွန်တော် ဆေးပါ့မယ်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now