Unicode
နောက်တစ်နာရီကြာတော့မှ လုယွီနမ်က အငှားကားနှင့်ရောက်ချလာသည်။
သူတို့ ဟိုတယ်သို့ပြန်ရောက်ချိန်မှာ ညနက်နေပြီ။
ဝမ်ကျားနင် ရေချိုးခန်းထဲဝင်သွားလိုက်ပြီး ရေနွေးဖြည့်ကာ ရေချိုးဖို့ပြင်သည်။ နောက်မှ လုကျင်းလန်လိုက်လာမှန်း သူသိသော်လည်း မငြင်းဆန်မိ။ တကယ်တမ်း ဝမ်ကျားနင်အမြင်မှာတော့ သူတို့နှစ်ဦးလုံး လိုလားနေသရွေ့ ဘာမှမဖြစ်ပေ။ တစ်ညတာပျော်ပါးလိုက်တာ ဘာမှမထူးဆန်းသောကိစ္စဖြစ်သည်။ ဒီထက်ပိုပြီး အထူးတလည်ခံစားချက်များ ဖြည့်စွက်နေဖို့မလို။
တစ်ခုတော့ရှိသည်။ ဒါက ပထမဆုံးအကြိမ် အမျိုးသားတစ်ဦးနှင့်ကုန်ဆုံးရမှာပင်။ ဝမ်ကျားနင် စိတ်လှုပ်ရှားနေမိသော်လည်း လုကျင်းလန်က မထင်မှတ်ထားလောက်အောင် စိတ်ရှည်ပြီး ညင်သာပေးခဲ့၏။ ခေါ့ရှင်ဟန်အတွက်လည်း ဒါက ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့တစ်ဘဝလုံး ဒီလိုသူစိမ်းတစ်ယောက်နှင့်ရင်းနှီးလိုက်ဖို့ မဖြစ်နိုင်ဟု ခေါ့ရှင်ဟန် တွေးကောင်းတွေးခဲ့လိမ့်မည်။ သို့သော် ဝမ်ကျားနင်က ခေါ့ရှင်ဟန်ကိုယ်စား ဆောင်ရွက်ပေးခဲ့လေပြီ။
နောက်နေ့မှာလည်း မိုးဆက်ရွာနေသေးသည်။ ရိုက်ကူးရေးအဖွဲ့က ဒီနေ့တစ်ရက်အလုပ်နားလိုက်သည်မို့ ဝမ်ကျားနင်နှင့်လုကျင်းလန် မွန်းတည့်ချိန်အထိ အိပ်ရာမှမထဖြစ်။
တံခါးခေါက်သော်လည်း ဘာတုံ့ပြန်မှုမှမရတာမို့ လုယွီနမ်က တိတ်တဆိတ်လှည့်ထွက်သွားလေသည်။
ဝမ်ကျားနင်က လုကျင်းလန်ထက်အရင် စောနိုးလာခဲ့၏။ အခန်းထဲမှာ aircon ဖွင့်ထား၍ သူ တစ်ဖက်လှည့်အိပ်လိုက်ချိန်မှာ သူ့ကိုယ်ပေါ် အဝတ်တစ်စ၊ စောင်တစ်စပင် မရှိကြောင်း သိလိုက်ရသည်။ သူ အောက်ဘက်ငုံ့ကြည့်ကာ စောင်စကိုကြုံသလိုဆွဲ၍ တစ်စွန်းတစ်စဖြစ်ဖြစ် ခြုံလိုက်၏။
သူ လှုပ်လှုပ်ရှားရှားလုပ်နေတုန်း လုကျင်းလန် နိုးသွားသည်။ မျက်လုံးကို လက်နှင့်တစ်ချက်ပွတ်ပြီးနောက် အကြောဆန့်လိုက်ကာ ဝမ်ကျားနင်၏နဖူးကို ဖွဖွနမ်းလေသည်။ ပြီးတော့ လုကျင်းလန်က အိပ်ရာမှအရင်ထသွား၏။
STAI LEGGENDO
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Storie d'amore~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024