[ 65 ]

2.6K 372 14
                                    

Unicode

အပိုင်း - ၆၅

နေ့လယ်ပိုင်း‌ရောက်တော့ ဝမ်ကျားနင် ဝမ်းလင်၏ရိုက်ကွင်းသို့ ထွက်လာခဲ့သည်။

ကိစ္စအထွေအထူးမရှိအောင်လို့ သူ ဝိန်ထင်းဟွမ်ကို တကူးတကခေါ်ဖို့ ရည်ရွယ်ခဲ့သော်လည်း သူမက ကျန်းကျွင်းကိုပါ အတူခေါ်လာမည်တဲ့။

ကားထဲ ဝင်ထိုင်ချိန်မှာ ဝမ်ကျားနင် မေးလိုက်၏။

“ကျန်းကျွင်းလည်း လိုက်မှာလား”

“ဝမ်းလင်ဆီ သူ့ကိုပါ ခေါ်သွားလိုက်၊ ဘာပဲပြောပြော မင်းတို့က ကုမ္ပဏီတစ်ခုတည်းက ညီအစ်ကိုတွေပဲလေ”

ကားထဲမှာ ဝမ်ကျားနင်က ကျန်းကျွင်းဘေး၌ ဝင်ထိုင်ဖြစ်သည်။ ခြေထောက်ကို ထိမိသွား၍ပဲလားမသိ၊ ကျန်းကျွင်းက ဘေးကို နည်းနည်းရို့ထိုင်လိုက်လေ၏။

လောလောဆယ် ဝမ်းလင်ရိုက်ကူးနေသည့် movie က စတူဒီယိုထဲမှာပင်။ ဘတ်ဂျက်အနည်းငယ်သာ သုံးထားသဖြင့် ဇာတ်ကားတစ်ခုလုံးမှာ ပြင်ပ၌ ရိုက်ရသော ဇာတ်ဝင်ခန်းများများစားစား မပါဝင်ဘဲ စတူဒီယိုထဲရိုက်ရုံနှင့် ပြီးသည်။

ဝမ်ကျားနင် ရောက်သွားချိန်မှာ ဝမ်းလင်က ရိုက်ကူးလက်စ အနေအထား။

ဗြုန်းစားရောက်ချလာသော ဝမ်ကျားနင်ကြောင့် ရိုက်ကွင်းထဲကလူတွေ အနည်းငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်ချင်သွားသည့်တိုင် ဇာတ်ဝင်ခန်း မပြီးသေးတာမို့ ဘယ်သူကမှ အသံမထွက်ရဲပါချေ။

ရိုက်ကွင်းကို ပြင်ဆင်ထားဟန်က မှောင်မှောင်မည်းမည်း အခန်းကျဉ်းထဲ ရောက်နေသကဲ့သို့။ သေးငယ်သောပြတင်းပေါက်တွေမှာ သံချေးတက်ချင်နေသော သံတိုင်မာမာများက ဒေါင်လိုက် အစင်းကြောင်းသဖွယ် ရှိနေသည်။ ဝမ်းလင်က လက်နောက်ပြန် တုပ်နှောင်ခံထားရကာ မျက်လုံးကို အဝတ်နှင့်စည်းထားသည့်အပြင် ပါးစပ်ကိုပါ အဝတ်နှင့်ဆို့ထားသေး၏။ သူက အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားပြီး ဆံပင်လည်း နည်းနည်းရှည်နေပုံပင်။ ဆံစများ နဖူးပေါ် ခပ်ဝဲဝဲကျလျက်ရှိကာ နည်းနည်း ကလေးဆန်ဆန်ဖြစ်နေသည်။ လွန်ခဲ့သောရက် တွေ့ခဲ့တုန်းကထက် ပိုပိန်နေသည်မို့ ယခုလိုပုံစံမြင်လိုက်ရတော့ သနားစဖွယ်ပင်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora