[ 74 ]

2.4K 345 12
                                    

Unicode

အပိုင်း - ၇၄

ဒါရိုက်တာကိုယ်တိုင်က စိတ်အခြေအနေမကောင်းတာမို့ ထိုနေ့ shooting ကို စောစောစီးစီးသိမ်းလိုက်၏။

ဟိုတယ်သို့အပြန်တွင် လုကျင်းလန်က ဝမ်ကျားနင်နှင့်အတူ မပြန်ပေ။ သူတို့က ခါတိုင်းလည်း အမြဲအတူပြန်ကြတာတော့ မဟုတ်။ တခြားသူတွေ သံသယဝင်မှာစိုး၍ ဖြစ်သည်။ သို့ရာတွင် ယနေ့တော့ ဝမ်ကျားနင်က ဝိန်ထင်းဟွမ်နှင့်အတူ အရင်ပြန်နှင့်သည်မှာ လုကျင်းလန်ကို ရှောင်ချင်မှန်း အသိသာကြီးပင်။

ဝမ်ကျားနင် စိတ်မသက်မသာခံစားနေရသည်။ လုကျင်းလန် လက်မခံလောက်မှန်း သူ သိပြီးသားပါ။ လုကျင်းလန်ရဲ့အမှားလို့ သူ မတွေးသော်လည်း သူ ဘာများ မှားခဲ့လို့လဲဟု နားမလည်နိုင်။ ဒါတွေအားလုံးကို သူ အလိုရှိခဲ့တာ မဟုတ်။ လုကျင်းလန်နှင့်ဆက်ဆံရေးကိုလည်း သူ့ဘက်မှအစပြုခဲ့တာ မဟုတ်ပေ။

လုကျင်းလန်၏ သိသိသာသာ လက်မခံချင်သော သဘောထားကြောင့် သူ နာကျင်ရသည်။

ဝိန်ထင်းဟွမ်မောင်းသော ကားပေါ်တွင် သူက ဘေးခုံမှ လိုက်ပါလာခြင်း။ သူ စိတ်ဓာတ်ကျဆင်းနေပြီး၊ စကားတစ်လုံးမှမပြောဖြစ်သလိုပဲ ထိုစိတ်အခြေအနေကို ဖုံးကွယ်တာမျိုးလည်း မလုပ်ချင်တော့။

ခေါင်းကို လက်တစ်ဖက်ထောက်ထားရင်း ကားပြတင်းအပြင်သို့ ငေးနေသည့် ဝမ်ကျားနင်အား ကြည့်ရင်း ဝိန်ထင်းဟွမ်က မေးသည်။

“ဘာလဲ၊ မင်း ဒါရိုက်တာလုနဲ့ ရန်ဖြစ်ထားတာလား”

ဝမ်ကျားနင် စိတ်ညစ်နေပုံက ထိုမျှသိသာနေပြီပင်။

ကားနောက်ခန်းတွင် ပါလာသော ကျန်းကျွင်းက ကြားသွားပြီး ဝမ်ကျားနင်ဆီ နှုတ်ဆိတ်စွာ လှမ်းကြည့်သည်။

ဝမ်ကျားနင် ဘာမှမပြောဖြစ်။ သူတို့နှစ်ယောက်က ရန်ဖြစ်ထားတာ မဟုတ်ပေ။ ထိုအစား အကြီးအကျယ်ရန်ဖြစ်လိုက်လျှင်တောင် ကောင်းဦးမည်။ ဒီလိုဆို အခုလိုရှုပ်ထွေးနေသော ခံစားချက်များကို သူ ပေါက်ကွဲလိုက်နိုင်ပြီး၊ လုကျင်းလန်အား ဘာကြောင့် လက်မခံနိုင်ရတာလဲဆိုသည့် အကြောင်းရင်း မေးပစ်လို့ရသည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon