[ 81 ]

2.3K 347 22
                                    

Unicode

အပိုင်း - ၈၁

လုကျင်းဖုန်း ပြန်မလာခင် လုအိမ်တော်တစ်ခုလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သဟဇာတဖြစ်နေသည် ဆိုရမည်။

အမေလုက ဝမ်ကျားနင်၏လက်ကို ကိုင်ထားရင်း ဆိုဖာပေါ်တွင် ထိုင်နေကာ၊ သူစားဖို့အတွက် အဆာပြေသရေစာတွေလည်း ထုတ်ပေးထားသည်။

လုယန်းယွဲ့က သူ့အပေါ် စပ်စုချင်စိတ်အပြည့်ရှိနေဆဲပင်။ ဝမ်ကျားနင် တီဗီစီးရီးရိုက်ဖူးသည်ဟုလည်း ကြားရော သူမက tablet သွားယူကာ ထိုစီးရီးအကြောင်းကို လိုင်းပေါ်မှာ ရှာကြည့်တော့သည်။

“ဖေဖေ့ဆီကို လာပါဦး”

ဝမ်ကျားနင်၏ နံဘေး၌ ထိုင်နေသော ထုံထုံ့ကို လုကျင်ရှင်းက လှမ်းခေါ်လိုက်ရာ

ထုံထုံက အဖေဖြစ်သူကို မျက်စိစွေကြည့်ပြီးနောက် ဝမ်ကျားနင်၏ခါးကို လက်နှင့် ဖက်ထားလေသည်။

လုကျင်ရှင်း မရေရွတ်‌ဘဲ မနေနိုင်။

“ဒီအသေးလေးကတော့”

ထိုသို့သောလေထုမှာ လုကျင်းဖုန်း ပြန်မလာခင်အချိန်အထိသာ ဖြစ်၏။ လုကျင်းဖုန်းက အလုပ်ကိစ္စနှင့် ခရီးသွားတာ တစ်လနီးပါးရှိပြီမို့ အိမ်ပြန်လာသောအခါ နွမ်းနယ်အားလျော့နေပြီ။ သို့သော် သမီးဖြစ်သူ ပြန်လာမှာမို့ အိမ်ပြန်လာဖို့ စိတ်အားထက်သန်နေခြင်း။

ညစာ အသင့်ဖြစ်နေပေပြီ။ စားပွဲပေါ် တင်လို့ရသည့်စားဖွယ်ရာများကို အရင်တင်နှင့်ကာ တခြားစားစရာများကို မီးဖိုပေါ်တွင် မီးအေးအေးနှင့် နွေးစေသည်။ ခမ်ဟွမ်းရှန့်က တံခါးဘေးတွင်ရပ်ကာ အပြင်ဘက်သို့ မကြာမကြာမျှော်ကြည့်ရင်း ခင်ပွန်းဖြစ်သူ ပြန်အလာကို စောင့်နေလျက်။

တစ်နာရီနီးပါးကြာပြီးနောက် ခမ်ဟွမ်းရှန့်က အိမ်အပြင်သို့ လျှောက်သွားကာ အော်ခေါ်လိုက်မိပြီ။

“ကျင်းဖုန်း!”

လက်ထဲမှာ luggage နှင့် လုကျင်းဖုန်းက အနားရောက်လာချိန်တွင် ဇနီးဖြစ်သူကို အသာ ပွေ့ဖက်လေသည်။

ခမ်ဟွမ်းရှန့်က luggage ကူသယ်ပေးမည်အလုပ်၊ လုကျင်းဖုန်းက ခွင့်မပြုဘဲ ကိုယ့်ဘာသာ ဆက်သယ်သွားကာ အိမ်ထဲကို ဝင်လာကြ၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon