[ 14 ]

3.8K 568 8
                                    

Unicode

ဝမ်ကျားနင်က နည်းနည်းမောဟိုက်နေဆဲဖြစ်ကာ လုကျင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဝေးဝေးရွှေ့ထိုင်မိသည်။ လုကျင်းလန်က အနားတိုးမလာဘဲ ဆိုဖာကို ကျောမှီလိုက်ရင်း မေးခွန်းတစ်ခုမေး၏။

"မင်း ဒီပြိုင်ပွဲကိုအနိုင်ရဖို့ တွေးဖူးလား"

ဝမ်ကျားနင် တကယ်ကို နည်းနည်းအံ့အားသင့်သွားရပြီ :

"ခင်ဗျားက ကျွန်တော့်ကို အနိုင်ရအောင်လုပ်ပေးနိုင်တယ်ပေါ့?"

ရိနန်ကို ချန်ပီယံအဖြစ် ရွေးထားပြီးတဲ့အကြောင်း လုကျင်းလန် မသိတာများလား။

လုကျင်းလန်က ပြုံးလိုက်သည် :

"ဒါပေါ့၊ ကိုယ် ကမ်းလှမ်းမှာက ချန်ပီယံနေရာထက်တောင် ပိုထိုက်တန်တဲ့အရာမို့"

ဝမ်ကျားနင် : "ဒါဆို ခင်ဗျားက ဘာလိုချင်တာလဲ၊ ကျွန်တော့်ကို ခင်ဗျားနဲ့ အိပ်ပေးဖို့?"

လုကျင်းလန်က ဝန်ခံသည်လည်းမဟုတ်၊ ငြင်းဆိုသည်လည်းမဟုတ်ဘဲ နှုတ်ဆိတ်နေလျက်။

ထိုအခါ ဝမ်ကျားနင် ပြောလိုက်၏ :

"ကျွန်တော် ဒီပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ချင်ဘူး၊ October Fireworks မှာ ဇာတ်ရုပ်တစ်နေရာ လိုချင်တယ်"

ဒီတစ်ခါ လုကျင်းလန် ဆွံ့အသွားရသည့်အလှည့်။ ထိုသူက အနည်းငယ်အံ့ဩသွားဟန်ဖြင့် ဝမ်ကျားနင်ကို ကြည့်လာသည်။

ဝမ်ကျားနင်က နောက်တစ်ကြောင်းဖြည့်စွက်ပြောလိုက်သေးသည် :

"ဇာတ်လိုက်မင်းသားနေရာ"

လုကျင်းလန်က ခပ်စစပြုံးရင်း

"အင်း၊ ဘယ်လိုတောင် နေရာကောင်းကြိုက်တတ်တာလဲ"

ဝမ်ကျားနင် ကြည့်ပဲကြည့်နေလိုက်သည်။

လုကျင်းလန် : "မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မင်း ကိုယ်နဲ့ တစ်ကြိမ်အိပ်ပေးရုံနဲ့ ဒီနေရာကိုရဖို့ လုံလောက်မယ် ထင်လား"

ဝမ်ကျားနင် မေးမိပြီ။

"ဒါဆို ခင်ဗျားဘက်က လိုချင်တဲ့အနေအထားကို ပြောကြည့်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now