[ 49 ]

2.8K 461 11
                                    

Unicode

အပိုင်း - ၄၉

မြေပြင်သို့ ဖြည်းညင်းစွာ သက်ဆင်းနေသော လေယာဉ်နှင့်အတူ ပြေးလမ်းပေါ် ဆိုက်ကပ်လိုက်ချိန်မှာ ဝမ်ကျားနင် ရုတ်တရက်ဆိုသလို ရင်ထဲ ကတုန်ကယင် ဖြစ်သွားသယောင်။

လေဆိပ်၏ အပြင်သို့ သူ့ကို ဝှီးလ်ချဲနှင့် တွန်းခေါ်သွားရာတွင် သတင်းထောက်တချို့က သူ့အား မထင်မှတ်ဘဲ သတိထားမိသွားကြပြီ။ Mask တပ်ပြီး နေကာမျက်မှန်ပါ တပ်ထားသော ဝမ်ကျားနင်က သတင်းထောက်များ၏ အမေးကို မည်သို့မျှ မတုံ့ပြန်ချေ။ ရုပ်ရှင် ရိုက်ကူးရင်း မတော်တဆ ခြေထောက်ထိခိုက်မိသွားကြောင်း၊ မသက်သာသေးကြောင်း ဝိန်ထင်းဟွမ်က ကူပြောလိုက်ရသည်။ ထို့နောက် သူမက ဝမ်ကျားနင်ကို အမြန် ခေါ်ထုတ်သွား၏။

သူ ‌လုကျင်းလန်နှင့်အတူ လေယာဉ်တစ်စီးတည်း စီးမလာမိတာ တော်သေးသည်ဟု ဝမ်ကျားနင် တွေးဖြစ်သည်။

ကုမ္ပဏီက သူတို့ကို လာကြိုဖို့ ကားတစ်စီး လွှတ်ထားပြီး ကားထဲ ရောက်သောအခါ ဝိန်ထင်းဟွမ်က ဝမ်ကျားနင်ကို မေးသည်။

“ မင်း ဟိုအိမ်ကို ပြန်သွားဦးမှာလား ”

ဝမ်ကျားနင်က အထူးအဆန်းလို ကြည့်လိုက်ကာ

“ အဲ့နေရာအပြင် သွားစရာ ဘယ်မှာရှိလို့လဲ၊ ကျွန်တော် အစ်မကို အိမ်ရှာခိုင်းထားပေမယ့် ဘာသတင်းမှလည်း မကြားရဘူး၊ ဒီပုံအတိုင်းဆို ကျွန်တော် လမ်းပေါ်မှာပဲ အိပ်ရတော့မှာလား ”

“ ဟိုအိမ်ကိုပဲ ပြန်သွားလိုက်ပါ၊ ငါက မင်းကိစ္စကို ဝင်စွက်ဖက်နိုင်တာမှ မဟုတ်တာ ”

လုကျင်းလန် စီးလာသော လေယာဉ်က သူ့ထက် နောက်ကျသည်မို့ ဝမ်ကျားနင် အိမ်ပြန်ရောက်သည့်တိုင် ထိုသူ ရောက်မလာသေး။

သူ တစ်ယောက်တည်း နေခဲ့လို့ အဆင်ပြေတာ သေချာမှ ဝိန်ထင်းဟွမ်က ပြန်သွားသည်။

ဧည့်ခန်းထဲတွင် ဝမ်ကျားနင် ဝှီးလ်ချဲပေါ် ထိုင်ရင်း ဘာမှမလုပ်ဘဲ တစ်နေရာရီလောက် ငြိမ်သက်နေမိပြီး လုကျင်းလန် တံခါးဖွင့်၊ ဝင်လာသောအခါမှ သူ အသိဝင်သွား၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon