CHAPTER (88)
ကတိပေးခဲ့ပြီးနောက် ချန်လီစု ကိုယ့်နားပင် ကိုယ်မယုံခဲ့ပေ။ ဟယ်ယန်အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ပြောခဲ့ပြီး ကောင်းကင်ကို တိုင်တည်ကျိန်ဆိုခဲ့ခါမှ မိမိအား အမှန်တကယ်ကူညီမည် ဟူသည်ကို ယုံကြည်နိုင်ခဲ့သည်။ ဟယ်ယန့်အတွက် အကြမ်းရည်တစ်ခွက်ငှဲ့ပေးပြီး လက်နှစ်ဖက်ဖြင့် သေချာကမ်းပေးလိုက်သည်။
"ကျေးဇူးပါ အစ်ကိုကြီး ခင်ဗျားကျွန်တော့်ကို တကယ်ကယ်ပေးခဲ့တာ နောင်အနာဂတ်မှာ လိုတာရှိခဲ့ရင် မီးနဲ့ရေကို ဖြတ်ကျော်ရမယ်ဆိုရင်တောင် ကျုပ်ခင်ဗျားအတွက် ရှိနေပေးပါမယ်"
ဟယ်ယန် စကားပြောမည်ပြုခဲ့သော်လည်း ချန်လီစု အမြန်ကြားဖြတ်ပြောလိုက်သည်။
"ကျုပ်သိတယ် အစ်ကိုကြီး ခင်ဗျားနဝမအောင်လံတပ်ရင်းထဲ ဝင်ပြီး ကိုယ့်နာမည် ကိုယ်ရေးချင်တယ်ဆိုတာ စိတ်ချ ဒီကိစ္စပြီးသွားတာနဲ့ ကျုပ်နေ့တိုင်း ဦးလေးရှေ့မှာ ခင်ဗျားကို ချီးကျူးပေးမယ် နေ့တိုင်းစာကူးရေးရမယ်ဆိုရင်တောင် ကျုပ်ကျိန်းသေ ဒီကိစ္စကျေအောင် လုပ်ပေးမယ်"
"... ငါလည်းပြောမလို့" ဟယ်ယန်မျက်နှာပိုးသတ်ပြီး "ငါ စားသောက်ပွဲကို မင်းကိုယ်စားတက်ပေးဖို့ သဘောတူပေမဲ့ မင်းအနေနဲ့ မင်းဦးလေးကို စည်းရုံးရဦးမယ်လို့"
ရှောင်ကျွယ်သည် ထိုကဲ့သို့ လွယ်လွယ်သဘောတူမည့်သူမျိုး မဟုတ်ပေ။ ထို့အပြင် ဤအခြေနေတစ်ခုလုံးသည် အလွန်ယုတ္တိရှိလှသည် မဟုတ်။
"စိတ်မပူပါနဲ့" ချန်လီစု ပျော်ရွှင်စွာ ဟယ်ယန့်အနားသို့ တိုးကပ်သွားပြီး "ခင်ဗျားမလာခင်ကတည်းက အဲဒီအကြောင်းကို ဦးလေးနဲ့ပြောခဲ့ပြီးသား"
"ရှောင်ကျွယ် သဘောတူခဲ့တယ်လား" ဟယ်ယန် အံ့ဩသွားသည်။
"ခင်ဗျားကို နဝမအောင်လံတပ်ရင်းထဲ စောစောဝင်ခွင့်မပေးခဲ့တဲ့အတွက် နောင်တရပြီး ခင်ဗျားကို ကိုယ့်ကိုယ်ကိုယ်သက်သေပြဖို့ အခွင့်ရေးပေးချင်လို့ နေမှာပေါ့"
ချန်လီစုမှ ဟယ်ယန့်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်ပြီး