<Unicode>
ရွှီရန် ပိုင်သခင်လေးဆိုတဲ့နာမ်စားကိုကြားဖူးပေမဲ့ လူကိုယ်တိုင်မတွေ့ဖူးပေ...ပိုင်သခင်လေးက သူ့ရဲ့နာမည်ရင်းကိုတစ်ခါမှထုတ်မသုံးဖူးသလို လူရှေ့လည်းတစ်ခါမှမထွက်ဖူးပေ...စီးပွားရေးလောကမှာ ထိုနာမည်ကိုလူတိုင်းသိပြီး ဝေးဝေးကရှောင်ကြသည်။ဘာလို့လဲဆိုရင် ပိုင်သခင်လေးက သီးသန့်ဆန်သလို သူနဲ့သွားငြိမိသူတွေကိုလည်း ဘယ်တုန်းမှအလွတ်မပေးပေ...
အခုသူကတော့ ပိုင်သခင်လေးရဲ့ချစ်ရသူကိုမှ သွားထိမိသလိုဖြစ်နေသည်။ချက်ချင်း ဝေးဝေးဘက်လှည့်ကာ
"ဝေးဝေး ပိုင်သခင်လေးနဲ့ ရှင်းမင်ကိုတောင်းပန်လိုက်"
"ရွှီရန်ကောကော ဝေးဝေးမှမမှားတာ ဘာလို့တောင်းပန်ရမှာလဲ မလုပ်ချင်ပါဘူး"
"ဝေးဝေး ကိုယ်ပြောတာနားထောင်နော် တောင်းပန်လိုက်"
"ပြီးရော ရှင်းမင် ငါတောင်းပန်တယ် ရပြီလား"
"အင်း ဝေးဝေးကအလိမ္မာဆုံးဘဲ"
ပြုံးရီနေတဲ့နှစ်ယောက်ကိုကြည့်ပြီး ရှင်းမင်က
"ငါခွင့်မလွှတ်ဘူး ကိုကို သူတို့နှစ်ယောက်ကို ကလေးခွင့်မလွှတ်ချင်ဘူး"
"ကလေးခွင့်မလွှတ်ချင်ရင် ကိုယ်ကဖျက်ဆီးပစ်မှာပေါ့"
"အင်းအင်း ဖျက်ဆီးပစ် သူတို့က ကလေးအဖေရဲ့ဖိနပ်လုပ်ငန်းကိုလည်းခိုးတယ် ကလေးကိုလည်း လူကြားထဲအရှက်ခွဲတယ် ပြီးတော့ ကလေးကိုလည်း လက်ညိုးထိုးတယ် ပြီးတော့ ကျောင်းအုပ်ကြီးဆီလည်း တိုင်ပြောရဲတယ် အဆိုးဆုံးက အဲ့ကောင်က ကလေးကိုလာကြောင်နေတယ်"
အစက ပြုံးပြုံးကြီးနားထောင်နေတဲ့ ပိုင်လင်ယိမှာ လာကြောင်နေတယ်ဆိုတဲ့စကားကြားတော့ မျက်နှာတည်သွားပြီး
"ကိုယ်ဖြေရှင်းလိုက်မယ် ကလေးအတန်းရှိသေးတယ်မလား သွားနှင့်တော့နော်"
"အင်း တာ့တာ"
ရှင်းမင် သူ့ကိုကိုကို ပြုံးပြီးပြီး ဝေးဝေးတို့ဘက်လှည့်ကာ တစ်ခြမ်းစောင်းပြုံးရင်း လည်ပင်းကို လက်မနဲ့လှီးပြလိုက်သည်။