8.11(ပြီး)

257 21 0
                                    

<Unicode>
ဝမ်ဟုန်မင်လက်ရန်းပေါ် လက်ချောင်းလေးတွေနဲ့ တတောက်တောက်ခေါက်နေရင်း

"ငါကိုယ်တော်ကို တစ်ချို့အမတ်တွေကပုန်ကန်ဖို့ကြိုးစားနေတယ်ဆိုပြီး သတင်းရထားတယ် ရွှီအမတ်ကြီး ဘယ်လိုထင်လဲ"

"အရှင်မင်းကြီးလို ဘုန်းတန်ခိုးကြီးမားတဲ့ဧကရာဇ်ကို ဘယ်သူကပုန်ကန်ဝံ့မလဲ"

"ဘယ်သူတွေပါလဲဆိုတာတော့ နားထောင်ကြည့်ရအောင် အစောင့်တွေ အမတ်တွေရဲ့အိမ်တိုင်းမှာ ရှာဖွေကြ ပြီးရင်ကိုယ်လုပ်တော်မိသားစုဝင်တွေကိုပါစစ်ဆေးကြ "

"အမိန့်အတိုင်းပါအရှင်မင်းကြီး"

သိပ်မကြာခင်မှာဘဲ ရဲမက်တွေဟာ သက်သေတွေယူလာပြီး ဝမ်ဟုန်မင်ကိုလာပေးကြသည်။ဝမ်ဟုန်မင်သူကြံစည်ထားသလို အားလုံးဖြစ်သွားတာကြောင့် ပြုံးလိုက်သည်။

သက်သေစာရွက်တွေကို တစ်ရွက်ချင်းဖတ်ပြလိုက်ပြီး ပါဝင်တဲ့အမတ်တွေ ကိုယ်လုပ်တော်မိသားစုတွေအပြင် ကိုယ်လုပ်တော်တွေကို ဖမ်းဆီးမိန့်ပေးလိုက်သည်။

"ကျနော်မျိုးတို့စွပ်စွဲခံရကြောင်းပါအရှင်မင်းကြီး"

"အို ရွှီအမတ်သက်သေတွေရှိနေတာကို ငါကိုယ်တော်က စွပ်စွဲစရာလား အကုန်လုံးကိုဆွဲထုတ်သွားကြ မနက်ဖြန်နေထွက်တာနဲ့ ဆွေစဉ်မျိုးဆက်တစ်ခုလုံးကွပ်မျက်မယ်"

"အရှင်မင်းကြီး ကျနော်မျိုးတို့စွပ်စွဲခံရကြောင်းပါ အား လွှတ်ကြစမ်း အရှင်မင်းကြီး ကယ်တော်မူပါ"

အမတ်တွေဟာ ရဲမက်တွေလက်ထဲကနေ ရုန်းကန်ကာ အော်ဟစ်နေကြသည်။အသံပြဲကြီးနေအော်ဟစ်နေတဲ့ ရွှီအမတ်ကြီးကိုကြည့်လိုက်ကာ

"ရွှီအမတ်ကြီးနဲ့ ရွှီကိုယ်လုပ်တော်ကို အချုပ်ခန်းထဲမှာသက်သက်ခွဲထားလိုက် "

"ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး"

ဝမ်းသာအားရနဲ့ရဲမက်တွေနောက်လိုက်သွားတဲ့ရွှီအမတ်ကြီးကို မျက်စိတစ်လုံးလိုက်ကြည့်ပြီးမှ

"ငါ့အပိုင်ကိုလာထိပြီးမှ သက်သက်သာသာသေချင်နေသေးတယ် စိတ်ကူးတောင်မယဉ်နဲ့"

အော်သွယ်တော် system Where stories live. Discover now