9.7

276 24 0
                                    

<Unicode>
ထိုလူကတော့ သေချာပေါက် ဂျိုဘုရင် ဂျိုဂိုဆွန်းဖြစ်သည်။ဂျိုဘုရင်မသေဆုံးခင်တွင် ထာဝရအသက်ရှင်နေနိုင်အောင် မိစ္ဆာအတတ်ကို လေ့ကျင့်ခဲ့သည်။

ကံဆိုးစွာဖြင့် မိစ္ဆာအတတ်အကျင့်ကျင့်ချိန် သွေးလည်ပတ်မှုပြောင်းပြန်ဖြစ်သွားပြီး မေ့မျောသွားခဲ့သည်။

ဒါကိုအမတ်တွေက ဘုရင်သေဆုံးသွားတယ်ထင်ပြီး ခေါင်းတလားလုပ်ပေးခဲ့သည်။မြေမြှုပ်သဂြိုလ်ဖို့ပြင်ချိန် အခေါင်းကြီးဟာရုတ်တရက်ပွင့်ထွက်သွားသည်။

လူတိုင်းက ဘုရင်ကြီးက သရဲအဖြစ်ပြောင်းသွားကြောင်း ပြောဆိုရင်း ပြန်ရှင်လာတဲ့ ဂျိုဂိုဆွန်းကို ထီးနန်းကဆင်းပေးဖို့တောင်းဆိုကြတော့သည်။

သွေးလည်ပတ်မှုကို အသေအချာပြန်ချိန်ညှိပြီး ပြန်ရှင်သန်လာတဲ့ ဂျိုဂိုဆွန်းက သူ့ရဲ့ပြည်သူတွေ သူကိုနန်းဆင်းဖို့ပြောနေကြတာကြောင့် ကြည်ဖြူစွာထိုထီးနန်းကနေဆင်းပေးခဲ့သည်။

တောထဲမှာတစ်ယောက်ထဲ ကျင့်စဉ်တွေကိုကျင့်ရင်းနေခဲ့ပေမဲ့ သူ့ကိုမုန်းတီးတဲ့ လက်ရှိဘုရင်က တောထဲလာလုပ်ကြံခဲ့သည်။

မိစ္ဆာကျင့်စဉ်ကိုအောင်မြင်ထားတဲ့ ဂျိုဂိုဆွန်းကို သတ်ဖို့ရန် ဘယ်လောက်ဘဲခိုင်းစေခဲ့ခိုင်းစေခဲ့ သူ့လူတွေသာသေဆုံးသွားတာကြောင့် ပြည်သူတွေကြား နန်းကျဘုရင်ဂျိုဂိုဆွန်းက တောထဲနေထိုင်ပြီး လူတွေကိုဖမ်းစားနေကြောင်းသတင်းဆက်လွှင့်တော့သည်။

ပြည်သူတွေကအမှန်ထင်ပြီး ဂျိုဂိုဆွန်းကို သက်သေဖို့ဖိအားပေးကြတော့သည်။သူ့ဘာသာသူအေးဆေးနေနေပေမဲ့ အေးဆေးမနေခိုင်းစေချင်တဲ့သူတွေ‌ကြောင့် ဂျိုဂိုဆွန်း လက်ရှိဘုရင်ကို ပေါ်တင်သွားတက်ပြီးထီးနန်းကိုပြန်ယူခဲ့သည်။

ပြည်သူတွေအပေါ်ကိုလည်း စည်းကမ်းတင်းကြပ်မှုများစွာလုပ်ပြီး အခွန်တွေလည်းမတရားကောက်ခံတော့သည်။

ပြည်သူတွေအော်ဟစ်ကာငိုကြွေးနေကြပေမဲ့ ဂျိုဂိုဆွန်းကတော့ ဂရုမစိုက်ခဲ့ဘဲ အခွန်တွေကိုသာ တစ်နှစ်ထပ်တစ်နှစ်ပိုတိုးလို့ကောက်ခဲ့သည်။

အော်သွယ်တော် system Where stories live. Discover now