10.1(ရှင်းမင်)

284 22 0
                                    

<Unicode>
ရှောင်းကျန့်နိုးလာချိန် အရင်လို space မှာမဟုတ်ဘဲ အဖြူရောင်မျက်နှာကျက်တွေ့လိုက်ရတာကြောင့် အံဩသွားသည်။

'သားသားလေးရေ ဘာအခြေအနေကြီးလဲ'

'နောက်ဆုံးကမ္ဘာမို့ နောက်ကမ္ဘာကိုတန်းပို့လိုက်တာပါ'

'points တွေကရော'

'ဒီကမ္ဘာပြီးရင်ပြန်လို့ရပြီမို့မပြတော့ပါဘူး ဒီကမ္ဘာပြီးရင်လည်း points တွက်မပေးတော့ဘဲ တန်းပို့ပေးမှာပါ'

'ပညာတွေရောအကုန်ရမှာလား ငါ့ points တွေကရော'

'points ကိုတော့ system ကကျေးဇူးတင်စွာလက်ခံလိုက်မှာပါ ပညာကိုတော့ တစ်ခုဘဲယူသွားလို့ရပါမယ်'

'ok ဒါဆို ငါ့ကိုပြန်ရင် အတိုက်အခိုက်ထည့်ပေးလိုက် ကျန်တဲ့ဟာမလိုဘူး'

'ကောင်းပါပြီ ကောကော ဒါဆို ဒီကမ္ဘာရဲ့ဇာတ်ကြောင်းလွှဲပေးမယ်နော်'

'အင်းလွှဲ'

' ဇာတ်ကြောင်း လွှဲပြောင်းပေးနေပါသည် 3..2..1.. complete '

ရှောင်းကျန့် မျက်လုံးမှိတ်လိုက်ပြီး ဒီကမ္ဘာရဲ့ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်တော့သည်။

ဒီကမ္ဘာက တရုတ်နိုင်ငံရဲ့လုပ်ငန်းတစ်ခုရဲ့အကြောင်းဖြစ်သည်။ဇာတ်လိုက်က ရွှီရန် ဖြစ်ပြီး လုပ်ငန်းသေးတွေကိုလိုက်ဝယ်ကာ လုပ်ငန်းအကြီးအဖြစ်ပြန်ပြောင်းတတ်သူဖြစ်သည်။

ငယ်ရွယ်ပေမဲ့ သနားညှာတာမှုမရှိဘဲ သူသာအမြတ်ရမယ်ဆိုရင် ဘယ်နည်းလမ်းမဆိုသုံးမယ့်သူဖြစ်သည်။

ဇာတ်လိုက်မကတော့ ဝေးဝေး ဆိုတဲ့တက္ကသိုလ်ကျောင်းသူဖြစ်သည်။သူမက လှပသလို သူမရဲ့ သနားကြင်နာတတ်တဲ့စိတ်ထားကြောင့် လူတိုင်းကချစ်မြတ်နိုးကြသည်။

သူမတွင် ရှင်းမင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိသည်။ရှင်းမင်က စာဂျပိုးဖြစ်ပြီး ယောက်ျားလေးဆိုပေမဲ့ ခင်မင်သူမရှိဘဲ ဝေးဝေးနဲ့သာခင်ခဲ့သည်။

ရှင်းမင်တို့တွင် သားအဖနှစ်ယောက်သာရှိသည်။သူ့ရဲ့ဖခင်က ဖိနပ်လုပ်ငန်းသေးတစ်ခုလုပ်သည်။

အော်သွယ်တော် system Where stories live. Discover now