<Unicode>
"ပါး မား ရှောင်းပါး ရှောင်းမား ကျနော်နဲ့ ကလေးကို သဘောတူပေးပါ""ဟုတ်ပါတယ် ပါးမား ...ကိုကိုနဲ့ကျနော့်ကိုသဘောတူပေးပါ ပါးတို့သဘောမတူလို့လဲမရတော့ပါဘူး သားတို့နှစ်ယောက်ဖြစ်ပျက်နေတာကို လူတိုင်းသိသွားကြပါပြီ "
ရှောင်းကျန့်စကားကြောင့် ရှောင်းပါးမှာ ခေါင်းကို လက်နဲ့ဖိရင်း
"အမလေး ရှောင်းကျန့် လူတိုင်းသိအောင် ဘယ်လိုတောင်နေနေကြတာလဲ အမလေး မိန်းမရေ ကိုယ့်ခေါင်း"
"စိတ်လျော့ပါ ယောက်ျားရယ် ကလေးတွေက ဘွဲ့လည်းရတော့မယ်လေ ပြီးတော့ ရိပေါ်ဆိုတာကလည်း ကျမတို့နဲ့အတွင်းသိအဆင်းသိတွေဘဲကို ကျမတို့ကတော့ သဘောမတူစရာအကြောင်းမရှိပါဘူး"
"ကျမတို့လည်းအတူတူပါဘဲ ရှောင်းမားရယ် သားကျန့်ဆိုတာကလည်း သူစိမ်းမှမဟုတ်ဘဲ"
မားနှစ်ယောက်ရဲ့စကားကြောင့် ရိပေါ်က ရှောင်းမားဘက်သွားကာ
"ကျေးဇူးတင်ပါတယ် မားကျနော်တို့ကိုသဘောတူပေးလို့"
"ရိပေါ် မင်းမားမှားနေပြီ"
"မမှားပါဘူး မားကလည်း မကြာခင် ရှောင်းမားကလည်း သားမားဖြစ်လာတော့မှာဘဲကကို"
"မားထပ် ရှောင်းမားကိုပိုချစ်နေတယ်ပေါ့"
ဝမ်မားကြောင့် ရှောင်းကျန့်က ဝမ်မားကိုသွားဖက်လိုက်ပြီး
"ရိပေါ်က ကျနော့်မားကိုဖက်ရင် ကျနော်က ဝမ်မားကို ဖက်မယ်"
"ဒါမှ မားသမက်လေး ဒီနေ့ကစပြီး ကျန့်လေးက မားသားအရင်းဖြစ်သွားပြီ ဟိုကောင်ကတော့ မွေးစားသားဘဲ "
ရိပေါ်က သူ့မားရဲ့စကားကြောင့် သူ့မားကိုဖက်သလိုလိုနဲ့ ရှောင်းကျန့်ရဲ့ကိုယ်လုံးကိုပါ သိမ်းကြုံးဖက်ကာ
"မားကလည်း သားကိုချစ်တော့ဘူးလားဟင်"
"ပြောနေတာအမေ့ကိုလား ရိပေါ်... ကြည့်နေတာ ကျန့်လေးဆီက ခွာပါအုံး"
"ဟီးမားကလည်း ဒါတော့ သားက ချစ်တာကိုးဗျာ"
"ကဲပါ ထိုင်ကြအုံး သားတို့ကိစ္စကို ဆွေးနွေးတိုင်ပင်ရအောင်"