<Unicode>
ထိုလူသားက မိန်းကလေးမဟုတ်ပေမဲ့ သူ့နှလုံးသားကိုခုန်လှုပ်နိုင်အောင်ဆွဲဆောင်နိုင်ခဲ့သည်။အရင်က သူတော်ကောက်ခဲ့တဲ့ ကိုယ်လုပ်တော်တွေဆိုတာကလည်း လှလို့ဒီတိုင်းတော်ကောက်ခဲ့ရုံတင်....ဒါပေမဲ့ တစ်ခါသာမြင်ဖူးတဲ့ဒီကောင်လေးကိုတော့ ရင်ခုန်နေမိသည်။ထိုနေ့ကစပြီး ဝမ်ဟုန်မင် မနက်စောစောထကာ ထိုဆိုင်ရှေ့မှာရှိတဲ့စားသောက်ဆိုင်အပေါ်ထပ်ကနေ ချောင်းကြည့်ခဲ့သည်။
ချန်ယွီကျင်းရဲ့ နေ့စဉ်လည်ပတ်မှုကတော့ ထွေထွေထူးထူးမရှိပေ...နေ့တိုင်းပေါက်စီလာရောင်းပြီး ရောင်းကုန်ရင်ပြန်သွားလေ့ရှိသည်။
တစ်လဆိုတဲ့အချိန်ကြာမြင့်လာတဲ့အထိ ဝမ်ဟုန်မင်မှာ ထိုလူသားကိုချောင်းကြည့်ရုံသာတတ်နိုင်ခဲ့သည်။
စကားသွားပြောဖို့ပြင်လိုက်ချိန်တိုင်း ထိုလူသားလေးရဲ့ပေါက်စီတွေကရောင်းကုန်သွားပြီး ပြန်သွားတာနဲ့ကြုံရသည်။
လိုက်ပြီးနှောက်ယှက်ကာစကားပြောရင်လည်း သူလေးစိတ်ကွက်သွားမှာစိုးရိမ်နေမိသည်။
တစ်လပြည့်တဲ့နေ့မှာတော့ ဘွားဘွားမင်ရဲ့သားဆိုသူက ပြန်ရောက်လာခဲ့သည်။ညစာချက်ပြုတ်နေတဲ့ ချန်ယွီကျင်းကိုတွေ့တော့ အံဩသွားသေးသည်။
ချန်ယွီကျင်းလည်း ဘွားဘွားမင်ရဲ့သားကိုအံဩသလိုကြည့်မိသည်။သူထင်ခဲ့တာ ဘွားဘွားမင်ရဲ့သားက အနည်းဆုံး အသက် 50 လောက်ရှိပြီထင်ထားပေမဲ့ တွေ့လိုက်ရတော့ 29 နှစ်သာရှိသေးသည်။
နာမည်က ကျောက်ဟန်းချန်ဖြစ်ပြီး ဝမ်တိုင်းပြည်ရဲ့ စစ်သူကြီးဖြစ်သည်။ရုပ်ရည်က ပြောစရာမလိုအောင်ချောမောနေသည်။
စစတွေ့တုန်းက
'သားသားလေ ငါသူ့ကိုဘဲချစ်လိုက်လို့မရဘူးလား'
ဆိုပြီးမေးလိုက်သေးသည်။သူမှ ဝမ်ဟုန်မင်ရုပ်ကိုမတွေ့ရသေးတာ ရောက်တာနဲ့ တစ်ရက်ဘဲရှိသေးတယ် နန်းတော်ထဲကနေ ထွက်ပြေးလာရတယ်...
ညစာစားချိန်မှာ ကျောက်ဟန်းချန်က ချန်ယွီကျင်းရဲ့လက်ရာကိုကောင်းကြောင်းပြောကာ ချီးကျူးနေတော့သည်။