<Unicode>
ဝမ်ဟုန်မင်မှာ ကျောက်ဟန်းချန်နယ်စပ်သွားတဲ့နောက်လည်း နေ့စဥ်ရက်ဆက်ပေါက်စီလာရောင်းကူမြဲပင်...ဘွားဘွားမင်နဲ့ ချန်ယွီကျင်းတားပေမဲ့ ပြုံးရုံသာပြုံးပြလာပြီး
"ကိုယ်လည်းရောင်းကြည့်ချင်လို့ကို"
ဆိုပြီးမျက်နှာငယ်နဲ့ပြောကာ ရောင်းမြဲရောင်းနေသည်။တစ်ပတ်လောက်ကြာတဲ့ထိ ဝမ်ဟုန်မင်က ပျက်ကွက်ခြင်းမရှိဘဲ ဈေးထဲသို့လာကာ ချန်ယွီကျင်းကိုပေါက်စီကူရောင်းမြဲပင်...
ဒီအကြောင်းတွေကိုအမတ်တွေကြားတော့ ညီလာခံကျင်းပချိန်
" တိုင်းပြည်တစ်ပြည်ရဲ့အရှင်မင်းကြီးက ဤလုပ်ရပ်ကိုမလုပ်သင့်ကြောင်းပါအရှင်မင်းကြီး"
ဆိုပြီးလျှောက်တင်ကြတော့သည်။ထိုသို့လျှောက်တင်လိုက်တိုင်း တစ်ခါမှမမြင်ဖူးတဲ့ အရှင်မင်းကြီးရဲ့ဒေါသကိုမြင်တွေ့ကြရတာကြောင့် ထိုကိစ္စက တစ်ခဏအတွင်းပြီးဆုံးသွားလေ့ရှိသည်။
ဒီနေ့လည်း ပုံမှန်အတိုင်း ညီလာခံကို မနက် ၃ နာရီကနေ ၆ နာရီထိကျင်းပပြီး မနက်စာတည်ကာ အဝတ်လဲပြီး ဈေးထဲသို့တက်ကြွစွာထွက်လာခဲ့သည်။
အပြုံးတွေနဲ့ပြည့်နက်နေတဲ့အရှင်မင်းကြီးရဲ့မျက်နှာတော်ကြောင့် ရွှီကျိုက်နန်မှာ လက်သီးကိုတင်းတင်းစုပ်ထားလိုက်မိသည်။
သူအစက အရှင်မင်းကြီးက ဈေးထဲသွားပြီး ကောင်လေးတစ်ယောက်ကိုဈေးကူရောင်းနေတယ်ကြားတုန်းက အရှင်မင်းကြီးက တစ်ပတ်လောက်ကြာရင် ကိုယ်လုပ်တော်တစ်ယောက်တင်မြှောက်ပြီးခြေငြိမ်သွားမယ်ထင်ခဲ့သည်။
သို့သော် သူမရဲ့အတွေးမှားသွားခဲ့သည်။အခုဆို အရှင်မင်းကြီးက ဈေးထဲသွားတာ တစ်လကျော်နေပြီဖြစ်သည်။
ဘယ်ကိုယ်လုပ်တော်မှမတင်မြှောက်သလို အရှင်မင်းကြီးမျက်စိကျနေတဲ့မိန်းမပျိုရှိတယ်ဆိုပြီးလည်း သတင်းမကြားမိပေ...
ဈေးထဲမှာအရှင်မင်းကြီးနဲ့ပတ်သက်နေတဲ့သူဆိုလို့ ပေါက်စီရောင်းနေတဲ့ မြေးအဘွားသာရှိသည်။