8.7

388 26 0
                                    

<Unicode>
ဝမ်ဟုန်မင်ဈေးရောက်တဲ့အချိန် ချန်ယွီကျင်းတို့မြေးအဘွားကမရှိတော့ပေ...ဝမ်ဟုန်မင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး မှိုင်တွေတွေနဲ့ နန်းတော်ဆီပြန်လာခဲ့ကာ အစီရင်ခံစာတွေကို စိတ်မပါတပါဖတ်နေတော့သည်။

ညအချိန် ချန်ယွီကျင်းတို့မြေးအဘွားအိပ်ယာဝင်နေချိန် ပြတင်းပေါက်ဆီကနေ မြှားတစ်စင်းဝင်လာကာ ချန်ယွီကျင်းအိပ်နေတဲ့နေရာနဲ့ 3 လက်မအကွာတွင်လာစိုက်လေသည်။

အအိပ်ဆက်တဲ့ ဘွားမင်က နိုးလာပြီး မြှားစိုက်ရာနေရာကိုထကြည့်လိုက်သည်။အဘွားမင်ရဲ့လှုပ်ရှားမှုကြောင့်ရော မြှားသံကြောင့်ရော ချန်ယွီကျင်း အိပ်နေရာကနေအမြန်ထလိုက်သည်။

သူ့အနားမှာကျနေတဲ့ မြှားကိုကောက်ယူလိုက်ပြီး မြှားလာရာလမ်းကြောင်းကိုကြည့်နေချိန် မြှားတွေဟာအဆက်မပြတ်ဝင်ရောက်လာတော့သည်။

ချန်ယွီကျင်း မီးခွက်တင်ထားတဲ့ စားပွဲကို လျင်မြန်စွာဆွဲယူလိုက်ပြီး အဘွားမင်နဲ့သူ့အရှေ့မှာကာကာ အိမ်နောက်ဖေးကို ‌ထွက်လာခဲ့သည်။

မြှားတွေဟာလည်းအဆက်မပြတ်ဝင်ရောက်လာပြီး တံတိုင်းပေါ်ကနေ ပျံကျော်လာတဲ့အသံကိုကြားလိုက်ရသည်။

ချန်ယွီကျင်း အဘွားမင်ကို ကြက်ခြံ‌အနောက်မှာပုန်းခိုင်းထားလိုက်ပြီး

"မင်ဘွားဘွားဒီမှာခနနေအုံးနော် ကျနော်သွားကြည့်လိုက်အုံးမယ်"

"ကျင်းအာ ဂရုစိုက်နော်"

"အင်း"

ချန်ယွီကျင်း မင်ဘွားဘွားရဲ့ကိုယ်လုံးကို စားပွဲနဲ့ကာလိုက်ပြီး အိမ်ထဲပြန်ပြေးဝင်သွားလိုက်သည်။

မြှားကအဆက်မပြတ်ဝင်ရောက်လာနေတာမို့ မီးဖိုချောင်ထဲက ပေါက်စီပေါင်းအိုးအဖုံးကို ဒိုင်းကာအဖြစ်သုံးလိုက်သည်။

တစ်ကိုယ်လုံးအမဲရောင်ဖုံးအုပ်ထားတဲ့ ဓါးသမားတစ်‌ယောက်က ချန်ယွီကျင်းရဲ့လည်ပင်းနားကိုဓါးနဲ့ထိုးလာသည်။

ချန်ယွီကျင်းအမြန်ရှောင်လိုက်ပြီး အသားလှီးတဲ့ဓါးပြားကြီးကိုကောက်ကိုင်ကာ ထိုဓါးသမားရဲ့ ခြေအောက်ပိုင်းကို ဒူးထောက်ကာ လှီးဖြတ်လိုက်သည်။

အော်သွယ်တော် system Where stories live. Discover now