8.9

341 22 0
                                    

<Unicode>
ဝမ်ဟုန်မင် ရေချိုးသန့်စင်ပြီးနောက် ချန်ယွီကျင်းနံဘေးဝင်လှဲကာ အိ‌ပ်ပျော်နေတဲ့ကလေးရဲ့မျက်နှာကိုကြည့်လိုက်သည်။

"ကိုယ်တောင်းပန်ပါတယ် ကလေးကိုမကာကွယ်နိုင်ခဲ့ဘူး စိတ်ချ‌ ကလေးကိုထိခိုက်အောင်လုပ်တဲ့သူတွေကို ကိုယ်အရှင်လတ်လတ်သေချင်စိတ်ပေါက်အောင်နှိပ်စက်ပစ်မယ်"

ဝမ်ဟုန်မင် အိပ်ဆောင်ရဲ့အ‌‌နောက်ဘက်ကပြတင်းပေါက်နားသွားရပ်လိုက်ပြီး

"ဖုန်း(လေ)"

ဝမ်ဟုန်မင်ခေါ်လိုက်တော့ သူ့အရှေ့နားကို အရိပ်မဲရောက်လာပြီး ဒူးတစ်ဖက်ထောက်ကာ ထိုဒူးပေါ်လက်တစ်ဖက်တင်ပြီး

"အမိန့်ရှိပါ သခင်"

ဆိုပြီးပြောလာသည်။

"ငါ့ကလေးကို သတ်ဖို့ခိုင်းစေတဲ့သူကိုစုံစမ်း အာရုဏ်တက်တာနဲ့သိချင်တယ်"

"ကောင်းပါပြီသခင်"

ထိုအရိပ်မှာ သခင့်ဆီကအမိန့်ရတာနဲ့ ထိုနေရာကနေပျောက်ကွယ်သွားကာ သူ့တာဝန်ကိုသွားလုပ်ဆောင်တော့သည်။

"လေ(မိုးကြိုး)"

"အမိန့်ရှိပါသခင်"

"မနက်ဖြန်ရောက်တာနဲ့ ငါတော်ကောက်ထားတဲ့ကိုယ်လုပ်တော်အကုန်လုံးရဲ့မိသားစုသခင်ကြီးဆီမှာပုန်ကန်ဖို့ကြံစည်နေတဲ့အစီအစဉ်တွေရှိနေတာကို မြင်ချင်တယ်"

"ကောင်းပါပြီသခင်"

ထိုအရိပ်ထွက်သွားပြီးနောက်

" ယွေ(မိုး)"

"အမိန့်ရှိပါသခင်"

"တောင်ထိပ်ကအလောင်းတွေကို ရှင်းလိုက်ပြီးရင် ဘွားမင်ကို နန်းတော်ဆီခေါ်လာခဲ့"

"အမိန့်တိုင်းပါသခင်"

ထိုအရိပ်ထွက်သွားတော့မှ ဝမ်ဟုန်မင်ကုတင်နားပြန်လာကာ ချန်ယွီကျင်းရဲ့လက်လေးကို ကိုင်ကာ အိပ်စက်လိုက်သည်။

ဝမ်ဟုန်မင်မှာ ဘယ်သူမှမသိတဲ့အရိပ်ကိုယ်ရံတော် ၁၀ ယောက်ရှိသည်။ထိုသူတွေက

"ရေ(ဆွေ)
မီး(ဟော်)
လေ(ဖုန်း)
မိုးကြိုး(လေ)
တိမ်(ယွင်)
နေ(ထိုက်ရန်)
လ(ယွေ့လျန့်)
မိုး(ယွေ)
မြေကြီး(ထူတိ)
ကြယ်(ရှင်းရှင်း)"

အော်သွယ်တော် system Where stories live. Discover now