8.10

346 23 0
                                    

<Unicode>
ဝမ်မင်းကြီးမှာ သူ့ရာထူးက ဘုရင်ဆိုပေမဲ့ သူချစ်ရတဲ့သူကိုတောင်မကာကွယ်နိုင်ခဲ့ဘူး ဝမ်မင်းကြီးမှာ မိဖုရားကိုသတ်ဖို့သာ အတွင်တွင်ပြောနေတဲ့သူတွေကြောင့် သူ့ရဲ့လက်ဆွဲတော်ဓါးကိုယူကာ မိဖုရားကိုဖက်တွယ်လိုက်ရင်း

"တမလွန်မှာ မင်းအထီးမကျန်စေရဘူး ကိုယ်တောင်းပန်ပါတယ်"

ဝမ်မင်းကြီးပြုံးလိုက်ပြီး မိဖုရား၏ နောက်ကျောကို ဓါးနှင့်ထိုးကာ သူ့ကိုယ်ကိုပါထိုးချင်းပေါက် အားနှင့်ထိုးလိုက်သည်။

ထိုအချိန် တံခါးဝကနေ သစ်သားဓါးကိုင်ကာ ရပ်နေတဲ့ ဝမ်မင်ဟုန်ဟာ မိဘနှစ်ပါး၏သေဆုံးမှုကြောင့် မျက်လုံးတွေနီရဲလာခဲ့သည်။

သို့သော်သူမငိုမိအောင် အံကိုတင်းတင်းကြိတ်ထားလိုက်သည်။သူ၏ဖခင်က သင်ကြားထားခဲ့သည်။

နာကျင်ရင်ငိုလို့ရတယ်ဆိုပေမဲ့ တစ်ပါးသူရှေ့မှာတော့ မငိုနဲ့တဲ့ အားနည်းသူလို့ထင်ပြီး လူတိုင်းက တက်နင်းသွားကြလိမ့်မယ်တဲ့ သူမှတ်ထားခဲ့တယ် အဲ့ကြောင့် မျက်ရည်တွေကိုပါးပြင်ပေါ်ကျဆင်းခွင့်လုံးဝမပေးခဲ့ပေ...

၁၀ နှစ်သာရှိသေးပေမဲ့ ဉာဏ်ကောင်းလွန်းတာကြောင့် သူ့မိဘနှစ်ပါးသေရတာ ထိုလူတွေကြောင့်ဆိုတာသိလိုက်သည်။

တစ်ယောက်ချင်းဆီရဲ့မျက်နှာကိုသေချာမှတ်သားထားလိုက်သည်။ဘုရင်နဲ့မိဖုရားကို ဈာပနအခမ်းအနားလုပ်ပေးချိန် ကြိတ်ရီနေတဲ့သူတွေကို နာကျင်အောင်လုပ်မည်ဆိုပြီးဆုံးဖြတ်ခိက်ချထားလိုက်သည်။

အသက် ၁၀ နှစ်နဲ့ဘုရင်ရာထူးကိုရခဲ့တာကြောင့် အမတ်တွေက သူဘာလုပ်လုပ် ဘာဆုံးဖြတ်ဘဲချချ လုံးဝလိုက်နာခြင်းမရှိပေ....

ဝမ်ဟုန်မင် သူ့ဖခင်ဆီက အမွေရထားတဲ့အရိပ်ကိုယ်ရံတော် ၁၀ ယောက်စီကနေ သိုင်းပညာတွေအကုန်လုံးကို တိတ်တဆိတ်သင်ယူခဲ့ပြီး အသေခံတပ်သားတွေကိုတိတ်တဆိတ်ဖွဲ့စည်းခဲ့သည်။

အမတ်တွေသတိထားမိမည်ဆိုးတာကြောင့် အကျင့်ပျက်တဲ့ဘုရင်အဖြစ်ဟန်ဆောင်ခဲ့သည်။

သူဆောင်ကြာမြိုင်တွေသွားတယ်ဆိုတာကလည်း ထိုဆောင်ကြာမြိုင်မှာ သူယုံကြည်ရတဲ့အမတ်တွေနဲ့တိတ်တဆိတ်တွေ့ဆုံနေခဲ့တာကြောင့်ပင်...

အော်သွယ်တော် system Where stories live. Discover now