<Unicode>
ကြောက်တတ်တယ်ပြောလာတဲ့ ဆောဂျောင်ဝုရဲ့စကားကြောင့် အရိပ်လေးမှာ'ကလေးက သရဲတွေကိုကြောက်တတ်တာလား စိတ်မပူပါနဲ့ ကိုယ်ကသရဲမဟုတ်ဘူး ဝိညာဉ်လည်းမဟုတ်တာမို့ကိုယ့်ကိုမကြောက်နဲ့နော်'
ထိုသို့ပြောနေပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ဂျောင်ဝုနဲ့တဖြေးဖြေးဝေးကွာသွားသည်။ထိုအရိပ် မရှိတော့တာကြောင့်လားမသိ..ဆောဂျောင်ဝုရဲ့ဘေးကလေထုဟာ ပုံမှန်ပြန်ဖြစ်သွားသည်။
လမ်းသွားရတာကလည်း အရင်ကထပ်အရှေ့ပိုရောက်လာသည်။တစ်နာရီကျော်လျှောက်ပြီးနောက် သစ်တောရဲ့အလယ်ကိုရောက်လာကြသည်။
ထိုနေရာမှာ ခနနားပြီး ပါလာတဲ့ အစာခြောက်တွေကို ဖွင့်စားကာ ရေနဲ့မျှောချလိုက်ကြသည်။တစ်နာရီလောက် သစ်ပင်ပင်စည်ကိုမှီကာအနားယူပြီးနောက် ရှေ့ဆက်ခဲ့ကြသည်။
သူတို့ရှေ့ဆက်နေကြချိန် ချုံပုတ်တစ်ခုအနားရောက်လာကြသည်။ထိုနေရာတွင် တလှုပ်လှုပ်ဖြစ်နေတာကြောင့် လီမင်သူ့ရဲ့ဓါးမြှောင်ကိုထုတ်ကာ လက်မှာအသေအချာကိုင်ပြီး ထိုနေရာကိုတဖြေးဖြေးချင်းတိုးကပ်သွားလိုက်သည်။
ဟယ်ဆွန်းကလည်း ကျားတွေ ခြင်္သေ့တွေထွက်လာရင် အမှတ်တရဖြစ်အောင်ဆိုပြီး ကင်မရာကိုထိုနေရာကိုအသေအချာချိန်ထားလေသည်။
ဆောဒိုကလည်း သူ့အဖွဲ့သားတွေဘေးကင်းအောင် တစ်ခုခုအရင်တွေ့ရင်အော်ဖို့အသင့်ပြင်ထားလိုက်သည်။
ဂျောင်ဝုကတော့ ဘာကိုမှဂရုမစိုက်တဲ့ပုံနဲ့ထိုချုံပုတ်ကိုစိုက်ကြည့်နေသည်။ပတ်လီဟွန်းကလည်း ကျောပိုးအိတ်ကြိုးကို အသေအချာပြန်စုပ်ကိုင်ထားလိုက်သည်။
လီမင်ချုံဆီရောက်ပြီး လှုပ်နေတဲ့နေရာကို ဓါးနဲ့ ဖြဲကြည့်လိုက်သည်။
"ငေါင်း..."
ဆိုတဲ့မြည်သံကြီးထွက်လာပြီး ထိုနေရာကနေ မကောင်တစ်ကောင်ခုန်ထွက်လာတာကြောင့် အားလုံးဟာ အလန့်တကြားအနောက်ကိုတစ်လှမ်းဆုတ်လိုက်ကြသည်။
ခုန်ထွက်လာတဲ့အကောင်ကို သေချာကြည့်လိုက်တော့မှ ယုန်တစ်ကောင်ဖြစ်နေသည်။တစ်ကိုယ်လုံးဖြူဆွတ်နေပြီး မျက်လုံးဝိုင်းဝိုင်းတွေကလည်း သူတို့ကိုစိုက်ကြည့်နေပြီး နားရွက်တွေကို လှုပ်ပြကာ ထိုနေရာကနေ ထွက်ပြေးသွားတော့သည်။