9.3

320 26 0
                                    

<Unicode>
5 ယောက်လုံး သစ်တောထဲကနေထွက်ပြီးနောက် ဂူကြီးတစ်ဂူကိုတွေ့လိုက်ရသည်။ဂူဝကြီးက လူနှစ်ပြန်စာလောက်မြှင့်ပြီး အကျယ်ကလည်း ပေ 10 ပတ်လည်ကျယ်သည်။

ငါးယောက်လုံး ဟိုကြည့်ဒီကြည့်နဲ့ဝင်ရောက်သွားကြသည်။သူတို့ဝင်ရောက်ချိန် ဂူအတွင်းပိုင်းမှာ အပေါက် 3 ပေါက်ထပ်တွေ့လိုက်ရသည်။

"ဂျောင်ဝု ငါတို့ဘယ်အပေါက်ဝကိုဝင်သင့်လဲ"

"ခဏနော် ကျနော်စစ်ကြည့်လိုက်မယ်"

ဂျောင်ဝု သူ့ကျောပိုးအိတ်ထဲကနေ ဒရုန်း ထုတ်လိုက်ပြီး ပထမအပေါက်ထဲဝင်စေလိုက်သည်။

၅ ယောက်လုံးက ဒရုန်းကိုထိန်းချုပ်တဲ့စက်မျက်နှာပြင်ကနေ လမ်းကြောင်းကိုကြည့်နေကြသည်။

ဂျောင်ဝုစက်ကို ဆောဒိုကိုပေးလိုက်ကာ သူကတော့ Laptop ကိုဖွင့်ပြီး ဒရုန်းစနစ်ထဲဝင်ကာ လမ်းကြောင်းတွေကိုဆွဲလိုက်သည်။

ပထမဂူက အရှည် ပေ ၁၀၀ လောက်ရှိပြီး လမ်းတစ်လျှောက်မှာ စစ်သည်ရဲမက်ရုပ်ထုတွေရပ်နေကြသည်။

၅ ယောက်ပြည့်ရင် မီးတိုင်တစ်တိုင်ရှိပြီး နောက်ထပ်ငါးယောက်ပြည့်ရင်လည်း မီးတိုင်တစ်တိုင်ထပ်စိုက်ထားသည်။

မီးတိုင်က မီးမထွန်းတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ ထိုမီးတိုင်ရဲ့မီးစာခွက်ထဲပြည့်နေတဲ့ဖုန်မှုန့်တွေကိုကြည့်ရုံနဲ့သိနိုင်သည်။

ဂူရဲ့နောက်ဆုံးပိတ်မှာတော့ ခေါင်းတလားတစ်ခုရှိသည်။‌ ခေါင်းတလားကိုရွှေနဲ့လုပ်ထားပြီး ဘေးပတ်လည်မှာတော့ ငွေရောင်ကနုတ်လေးတွေဆွဲထားသည်။

ထိုအခေါင်းက ဘယ်လောက်ကြာကြာ အသစ်အတိုင်းဖြစ်နေပြီး သန့်ရှင်းနေပုံက ဖုန်တစ်စက်တောင်မရှိပေ..

အကုန်လုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ထိုအရာကိုသွားကြည့်ချင်စိတ်က မြှင့်တက်လာသည်။

မိန်းကလေးဖြစ်တဲ့ ဟယ်ဆွန်းက

"ခေါင်းဆောင်ကျမတို့ အဲ့ကိုဘဲသွားရအောင်လေ အပြင်ပိုင်းတောင်အဲ့လောက် တန်ဆာဆင်ထားတဲ့ အတွင်းပိုင်းကအလောင်းဆိုရင် ဘယ်လောက်တောင် အံဩဖို့ကောင်းမလဲ"

အော်သွယ်တော် system Where stories live. Discover now