<Unicode>
ဟယ်ဆွန်းရဲ့မျက်လုံးကတော့ အရင်ကထပ်ပိုပြီးတလက်လက်ထလာသည်။ထို့နောက် မတ်တပ်ထရပ်ကာ"ခေါင်းဆောင် ကျမဆုံးဖြတ်လိုက်ပြီး ဒီဂူကိုဘဲဝင်တော့မယ်"
သူမမှာ ဆောဒိုရဲ့စကားကိုတောင်မစောင့်တော့ ကင်မရာကိုသေချာကိုင်ကာ တက်ကြွစွာထိုဂူထဲဝင်သွားတော့သည်။
ကျန်တဲ့သူတွေမှာလည်းဝင်သွားတဲ့သူမကြောင့် မနိုင်သလိုခေါင်းခါရင်းလိုက်ဝင်သွားကြသည်။
ဂျောင်ဝုကတော့ အဆုံးကိုတောင်မတွေ့ရသေးဘဲ ဝင်သွားတဲ့သူတွေကို မျက်မှောင့်ကြုံ့ကြည့်ရင်း လိုက်မဝင်သေးဘဲ ရပ်ကြည့်နေလိုက်သည်။
ဆောဒိုက ဒါကိုသတိထားမိတော့
"ဂျောင်ဝု တစ်ခုခုဖြစ်လို့လား "
ဂျောင်ဝု
"အားလုံး ပြန်ထွက်လာကြ အဆုံးမှာဘာရှိလဲကြည့်ပြီးမှလိုက်ဝင်ရအောင်"
လို့ပြောချင်ပေမဲ့ တကယ်ထွက်လာတဲ့အသံက
"ဟင့်အင်း"
ဆိုတဲ့အသံသာထွက်လာသည်။ဆောဒိုက ဂျောင်ဝုရဲ့အဖြေကိုကြားတော့မှ
"ဒါဆိုလည်း အမြန်လိုက်လာခဲ့လေ
ဟယ်ဆွန်းကတော့ ရှေ့တော်တော်ရောက်နေပြီထင်တယ်"ဂျောင်ဝု ခြေလှမ်းလှမ်းဖို့မရည်ရွယ်ပေမဲ့ သူ့ရဲ့ခြေထောက်တွေက သူ့အလိုလိုဆောဒိုနောက်လိုက်သွားနေသည်။
ဂျောင်ဝု သူ့ခန္ဓာကိုယ်က ထူးဆန်းထာဖြစ်နေတာကြောင့် စကားပြောဖို့ဟလိုက်ပေမဲ့ လုံးဝဟမရဘဲဖြစ်နေသည်။
ဂျောင်ဝု တတိယဂူပေါက်ထဲ ခြေချလိုက်တာနဲ့ သူတို့ဝင်လာတဲ့ဂူကြီးဟာ အပေါ်ကနေ ကျောက်တုံးကြီးတစ်လုံးပြုတ်ကျလာပြီး လုံးဝပိတ်သွားတော့သည်။
တစ်ခြားသူတွေက ဒါကိုကြားလိုက်ပုံလည်းမပေါ်ပေ...ဂျောင်ဝုကသာကြားပြီး နောက်လှည့်ကြည့်ဖို့ပြင်ချိန်
"ရှေ့ကိုသာဆက်သွား လှည့်မကြည့်နဲ့"
ဆိုတဲ့စကားသံတိုးတိုးလေးဟာ နားအတွင်းထဲတိုးဝင်လာပြီး ဂျောင်ဝုရဲ့ခန္ဓာကိုယ်ကလည်း လုံးဝလှည့်မရတော့ပေ...