<Unicode>
လီမင်ရဲ့မျက်နှာသေအပြုံးကြောင့်
ဟယ်ဆွန်းကြောက်ကာ ဆောဒိုအနားတိုးကပ်သွားလိုက်သည်။" ခေါင်းဆောင် လီ လီမင်ရဲ့အပြုံးကကြောက်စရာကြီး"
ဆောဒို ဟယ်ဆွန်းအပြောကြောင့် လီမင်ကိုသေချာကြည့်မိချိန် အမဲရောင်မျက်ဝန်းနဲ့ဆုံမိချိန် ချောက်နက်ထဲပြုတ်ကျသွားသလိုခံစားလိုက်ရသည်။
ထိုမျက်ဝန်းတွေကို အကြည့်လွဲကာ
"လီမင်မူမှန်မနေဘူး အားလုံးသတိထားကြ"
ပတ်လီဟွန်းဗလကိုမှအားမနာ ဆောဒိုအနားတိုးသွားပြီး
"ခေါင်း ခေါင်းဆောင် ကျနော်တို့ပြန်လှည့်ရအောင်လေ ရတနာတွေလည်းလုံလုံလောက်လောက်ရနေပြီဘဲ"
"ပြန်လှည့်မရတော့ဘူး"
တည်ငြိမ်စွာပြောလာတဲ့ ဆောဂျောင်ဝုရဲ့အသံကြောင့် သုံးယောက်လုံး ဂျောင်ဝုကိုပြိုင်တူကြည့်လာကြသည်။
"ဂျောင် ဂျောင်ဝု ဒါဘာသဘောလဲ"
"အခေါင်းထိပ်ကိုကြည့်လိုက် "
ဂျောင်ဝုအပြောကြောင့် သုံးယောက်လုံးအခေါင်းထိပ်ကိုကြည့်လိုက်ချိန် ချိုနှစ်ချောင်းပါတဲ့ နတ်ဆိုးခေါင်းကိုတွေ့လိုက်ရသည်။
ဟယ်ဆွန်းနားမလည်စွာ ဂျောင်ဝုကိုပြန်ကြည့်လိုက်ပြီး
"ဂျောင်ဝု ဒါက အရုပ်သက်သက်ဘဲလေ"
ပြုံးရုံသာပြုံးပြီး ဂျောင်ဝုဘာမှပြန်မပြောမိပေ..တိတ်တဆိတ်သာ ဂူအတွင်းပိုင်းကိုလေ့လာနေပြီး ထွက်ပေါက်ကိုရှာဖွေနေလိုက်သည်။
လီမင်မျက်နှာသေနဲ့ဘဲ ထိုအခေါင်းရှေ့မှာ အမဲရောင်ရုပ်ထုတွေလို ဒူးထောက်ချလိုက်ကာ
"အရှင့်ကိုဂါဝရပြုပါတယ်"³
ဆိုပြီးသုံးကြိမ်သုံးခါဂါဝရပြုလိုက်သည်။ထို့နောက် ဒူးထောက်ရင်းနဲ့ဘဲ ပုလ္လင်ပေါ်သို့တက်ကာ အခေါင်းကို ဖွင့်ဖို့ပြင်တော့သည်။
ဒီအခေါင်းကိုမဖွင့်မိရင် ဘေးကင်းနေအုံးမှာဆိုပေမဲ့အခေါင်းကိုသာဖွင့်ပြီးအထဲက နတ်ဆိုးကို လွှတ်ပေးလိုက်မိရင်တော့ သူတို့အသက်ရှင်နေဖို့ရာခိုင်နှုန်းက ၀% သာကျန်လိမ့်မည်။