9.6

359 24 1
                                    

<Unicode>
ပတ်လီဟွန်းမှာ တိုးပေမဲ့ ကြောက်စရာကောင်းလွန်းလှတဲ့အသံကြောင့် ကြောက်ဒူးတွေတုန်ကာ ဆောဒိုဘက်လှည့်ကာ

"ခေါင်း ခေါင်းဆောင်ကျ ကျနော်တို့ဘယ်လိုလုပ်ကြမလဲ"

"ဂူပေါက်ဝရောက်တဲ့ထိ သွားကြတာပေါ့ "

သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ပြောပြီးနောက်အရှေ့ကို ဆက်လျှောက်ဖို့ပြင်တော့ လမ်းကြောင်း ၅ ခုတွေ့လိုက်ရသည်။

"ကျနော်တို့ကိုလာနောက်နေဝာာလားဟင် ...ခေါင်းဆောင်ကျနော်တို့လာတဲ့ချိန် လမ်းကြောင်းက တစ်ကြောင်းထဲပါဘဲ ဘယ်လိုလုပ် ၅ ခုဖြစ်နေတာလဲ"

"ကျစ် အစကတည်းက လီမင်ရဲ့စကားနားထောင်ပြီး ဒီဂူထဲကနေထွက်သွားရမှာ အခုတော့ ငါတို့ဘဝအဆုံးသတ်ပြီထင်တယ်"

"ဂျောင်ဝု ဂျောင်ဝုရောခေါင်းဆောင် သူသာဆိုရင် လမ်းကြောင်းရှာဖွေနိုင်မှာ"

"ဟင် ဟုတ်သားဘဲ ဂျောင်ဝုရော ခုနက ငါတို့နှစ်ယောက်ရှေ့မှာလျှောက်နေတာလေ"

နှစ်ယောက်သားဂျောင်ဝုကိုရှာပေမဲ့မတွေ့ကြပေ..

"ဂျောင်ဝု"

"ဂျောင်ဝုရေ"

"ဂျောင်ဝု ငါတို့ကိုစောင့်ပါအုံးဟ"

နှစ်ယောက်သားဘယ်လောက်အော်ခေါ်ခေါ် ဂျောင်ဝုရဲ့ပြန်ဖြေသံကိုမကြားရပေ...သူတို့နှစ်ယောက်ရဲ့အသံကိုသာပြန်ကြားနေရသည်။

ဂျောင်ဝုကလည်း တစ်လမ်းထဲရှိနေတဲ့လမ်းကြောင်းကိုပြေးနေချိန် အနောက်ကနေ လီဟွန်းတို့အမြန်လိုက်မလာကြတာကြောင့် ခနစောင့်နေလိုက်သည်။

လမ်းကြောင်းက တစ်ခုဘဲရှိတာမို့ လမ်းပျောက်စရာအကြောင်းတော့မရှိပေ...၁၀ မိနစ်ကျော်စောင့်ဆိုင်းနေပေမဲ့လည်း ရောက်မလာသေးဝာာကြောင့် နောက်လှည့်ကာ ပြန်လျှောက်တော့သည်။

သူလျှောက်ရင်း လျှောက်ရင်းနဲ့ လမ်းကြောင်းက တစ်ခုကနေ နှစ်ခု နှစ်ခုကနေ သုံးခု တဖြေးဖြေး ကွဲထွက်သွားသည်။

နောက်ဆုံး လမ်းကြောင်းက ၅ ခုဖြစ်သွားဝာာကြောင့် သူဆွဲထားတဲ့ လမ်းကြောင်းကို ထုတ်ကြည့်လိုက်သည်။

အော်သွယ်တော် system Where stories live. Discover now