<Unicode>
ဂျိုဂိုဆွန်းက သူ့ရဲ့ကတိအတိုင်း မြွေဘုရင်ကို လူအယောက် 100 ပေးခဲ့သည်။ဂိုဆွန်း သူ့ရဲ့အာရုံတွေအားလုံးရပြီး စိတ်ဝိညာဉ်ထားရာ ဂူဆီသို့ဆက်ထွက်လာခဲ့သည်။ဆောဒိုဟာ လမ်းကြောင်းတွေကနေတစ်ဆင့် သူတို့ထွက်ပြေးလာခဲ့တဲ့ တတိယဂူထဲသို့ပြန်ရောက်လာခဲ့သည်။
သူပြန်ရောက်ချိန် ပွင့်နေတဲ့ခေါင်းတလားနဲ့ ထိုဘေးတွင် ပုံကျနေတဲ့ အရိုးစုကိုသာတွေ့လိုက်ရသည်။
အရိုးစုရဲ့ဘယ်လက်တွင် ရှိနေတဲ့ လက်စွပ်တွေကြောင့် ဒီအရိုးစုဟာ ဟယ်ဆွန်းဖြစ်နေမှန်းတန်းသိလိုက်သည်။
သူတို့နဲ့ကြုံတွေ့နေရတဲ့ဟာက လူမဟုတ်လောက်ပေ..လူဆိုလျှင် လူတစ်ယောက်ကို ဒီလိုလုပ်ပစ်ဖို့အစွမ်းအစမရှိပေ...
ခေါင်းတလားထိပ်တွင်ရှိခဲ့တဲ့ နတ်ဆိုးခေါင်းဟာလည်း မရှိတော့ပေ..ဆောဒို ချွေးတပြိုင်ပြိုင်ကျနေရင်း သူ့အဖွဲ့ဝင်တွေနဲ့တွေ့ဖို့ လမ်းကြောင်းတွေထဲဝင်ကြည့်ဖို့ပြင်တော့သည်။
ဒါပေမဲ့ သူ့အနားကို အမဲရောင်အခိုးအငွေ့တွေစုပြုံပြီးရောက်လာသည်။ထိုအမဲရောင်အခိုးအငွေ့တွေဟာ တဖြေးဖြေးလူပုံစံပြောင်းသွားကြသည်။
မျက်လုံးတွေရဲ့ဘေးတွေနဲ့နှုတ်ခမ်းတွေဟာမဲနေပြီး ခေါင်းတွေကစောင်းနေကြသည်။သူတို့က တဖြေးဖြေးနဲ့ ဆောဒိုအနားတိုးကပ်လာကြသည်။
ဆောဒို ကြောက်စရာကောင်းလှတဲ့အရာတွေကြောင့် လမ်းကြောင်းတွေထဲဝင်ပြေးတော့သည်။
သူလွယ်ထားတဲ့ပစ္စည်းတွေကိုလည်း အရေးမစိုက်နိုင်တော့ဘဲ အရှေ့ကိုသာပြေးတော့သည်။သူ့စိတ်ထဲတွင် ဒီဘာမှန်းမသိတဲ့အကောင်တွေလက်ထဲကနေ လွတ်ဖို့သာရှိသည်။
သူပြေးရင်းပြေးရင်းနဲ့ လမ်းဆုံးသို့ရောက်သွားသည်။လမ်းကြောင်းက ဆက်မရှိတော့ဘဲ အရှေ့တွင် နံရံသာရှိတော့သည်။
အနောက်က အကောင်တွေကလည်း အပြေးလိုက်လာနေကြသည်။ထိုအကောင်တွေက ဆောဒိုရဲ့ သုံးလှမ်းအကွာတွင်ပျောက်သွားကြသည်။