<Unicode>
ပတ်လီဟွန်း မုန့်စားပြီးထိုင်နေရင်း အိပ်ချင်လာတာကြောင့် ပါလာတဲ့စောင်မဲကို ခြုံကာ ထိုနေရာတွင်ကွေးရင်း အိပ်လိုက်တော့သည်။သိပ်မကြာခင်မှာဘဲ အမဲရောင်အခိုးအငွေ့တွေဟာ ထိုနေရာကိုရောက်လာပြီး
"ဟိုကောင် ဘာလို့မြေပြင်မှာထိုင်နေတာလဲ ငါတို့အရှင်ကိုဂါဝရပြုဖို့သွားရအောင်"
ဆိုပြီး လီမင်ကိုလာခေါ်တော့သည်။လီမင် မျက်လုံးသာဖော်ကြည့်ရင်းရှေ့မှာရှိနေတဲ့အရာတွေကိုတွေ့တော့ အော်ငိုမိမတတ်ဖြစ်သွားသည်။
သူသာအခုချိန်အသံထွက်လိုက်ရင် ချက်ချင်းကိုက်စားခံရမှာမလွဲပေ...ထို့ကြောင့် အသံတစ်သံမှမထွက်ဘဲ စောင်ခေါင်းမြှီးခြုံရင်းနဲ့သာ ထိုလူတွေနောက်ကြောက်ကြောက်လန့်လန့်လိုက်သွားတော့သည်။
စိတ်ထဲတွင်တော့ရှိသမျှ ဘုရားပေါင်းစုံကိုတကာ ရသမျှဘုရားစာတွေရွတ်နေတော့သည်။
သူဘယ်လောက်တောင်ကြောက်နေလဲဆိုရင် သူသွားရာလမ်းတစ်လျှောက်လုံး ခြေရာတွေကျန်ခဲ့သည်။
ဘယ်လိုလုပ်ခြေရာကျန်လဲလာမမေးနဲ့ ကြောက်သေးတွေပါချပြီး ခြေရာထင်သွားတာ...
မိစ္ဆာအသေးတွေခေါ်သွားတဲ့လမ်းကြောင်းတွေဟာ ဟိုကွေ့လိုက်ဒီကွေ့လိုက်နဲ့ ဒီလောက်ရှုပ်တဲ့လမ်းတွေကိုမှတ်မိနိုင်တဲ့အကောင်တွေကြောင့် လီဟွန်းကြောက်နေရင်းကနေဘဲ အကောင်တွေရဲ့မှတ်သားနိုင်တဲ့ဦးနှောက်ကိုချီးကျူးလိုက်သေးသည်။
ဂျိုဂိုဆွန်း သူ့စိတ်ဝိညာဉ်ထားရှိရာဂူရောက်ချိန် ပျောက်ဆုံးသွားတဲ့ စိတ်ဝိညာဉ်လုံးကြောင့် စောင့်ကြပ်သူ စစ်သည်ရဲမက်ရုပ်ထုတွေကို အသက်သွင်းကာ နှိပ်စက်တော့သည်။
နာကျင်ခံစားနိုင်တဲ့အာရုံကိုထည့်ထားပေမဲ့ အသက်သေဆုံးခြင်းမရှိအောင်အသက်သွင်းထားတာကြောင့်ရဲမက်တွေမှာ နာကျင်မှုကိုအလုံးအရင်းခံစားနေရသည်။
အရှင်လတ်လတ်ငရဲကျနေသလိုခံစားရပေမဲ့ မသေနိုင်တာကြောင့် အော်ဟစ်ရင်းသာ နာကျင်မှုကိုခံစားနေရသည်။