<Unicode>
တဖြေးဖြေးတိုးကပ်လာနေတဲ့ အခိုးအငွေ့လုံးတွေကြောင့် ဂျိုဂိုဆွန်းရွေးချယ်စရာမရှိတော့ဘဲ သူ့ရဲ့ကလေးကို အစွမ်းနဲ့ဘေးကိုရွှေ့လိုက်သည်။ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲဝင်သွားလိုက်ပြီး ချက်ချင်း ဂျောင်ဝုပြုတ်ကျထားတဲ့ ဓါးကိုကောက်ကိုင်ကာ နှလုံးသားတည့်တည့်ထိုးချလိုက်သည်။
နှလုံးခုန်တာမရပ်သေးခင် ၊အသိစိတ်မပျောက်သေးခင် စစ်သည်တွေအပြင် မိန်းမပျိုလေးတွေကိုလည်း ကျောက်ရုပ်အဖြစ်ပြောင်းလိုက်သည်။
ဂူရဲ့လမ်းကြောင်းကိုလည်း တစ်ကြောင်းထဲအဖြစ်အမြန်ပြောင်းလိုက်သည်။နှလုံးသွေးတွေတစ်တောက်တောက်ကျတာကို ကြည့်ရင်း အခုချိန်ထိမျက်လုံးမှိတ်နေသေးတဲ့ သူ့ရဲ့ကလေးကို ချစ်ရည်ရွှမ်းတဲ့မျက်လုံးနဲ့ကြည့်လိုက်သည်။
အော်ဟစ်သံဆူညံသံတွေမကြားတော့တာကြောင့် ဆောဂျောင်ဝုမျက်လုံးဖွင့်ကြည့်လိုက်ချိန် ငြိမ်သက်နေတဲ့ ရုပ်ထုတွေကိုသာတွေ့လိုက်ရသည်။
မြေပြင်ပေါ်လဲကျနေတဲ့ဂျိုဂိုဆွန်းက သွေးတွေဘယ်လောက်ထွက်ထွက် သူ့ကိုအရမ်းချစ်တဲ့မျက်ဝန်းနဲ့ကြည့်နေတာကြောင့် ထိုနေရာကိုမဝံ့မရဲတိုးသွားလိုက်ပြီး
"ကိုကို~~~"
ဆိုပြီးတိုးတိုးလေးခေါ်ကြည့်လိုက်သည်။သူခေါ်လိုက်တော့ အားတင်းကာပြုံးပြလာပြီး
"က လေး ကို ကိုယ် အ ရမ်း ချစ် တယ် နော် အဟွတ်..!!"
ထိုစကားပြောပြီးနောက် ဂျိုဂိုဆွန်းလဲကျသွားတော့သည်။ဂျောင်ဝု လဲကျနေတဲ့သူကိုကြည့်ပြီး မျက်ရည်တသွင်သွင်စီးကျလာသည်။
"မ မဟုတ်ဘူးမလား ကိုကိုက အဲ့နတ်ဆိုးကောင်ရဲ့စိတ်ဝိညာဉ်တော့မဟုတ်ဘူးမလား ကိုကို ..!! ကိုကို ဒီမှာရှိနေမှန်း ကလေးသိတယ် အခုချက်ချင်း ကလေးအနားလာခဲ့နော် ၁ ကနေ ၃ ထိရေလို့မှမထွက်လာရင် ကလေး ကိုကို့ကိုမုန်းပစ်မှာနော်"
ဂူအတွင်းအော်ဟစ်ကာ မျက်ရည်ကျနေတဲ့ ဂျောင်ဝုဟာမရှိတော့တဲ့သူတစ်ယောက်ကို အော်ခေါ်နေလေသည်။