<Unicode>
တစ်နေကုန်ကျောင်းမသွားတော့ဘဲ အိမ်ထဲမှာ အစားအသောက်တွေကို ချက်ပြုတ်နေတော့သည်။သူဖခင်ချက်ပြုတ်တာက စားလို့ရရုံဆိုတာလောက်ဘဲမို့ နေ့လည်စာကို ရှင်းမင်သူချက်ပြုတ်မည်ဖြစ်ကြောင်းပြောလိုက်သည်။
မချက်ပြုတ်ခင် ဈေးသွားချင်တာမို့ သူဖခင်ကိုပြောလိုက်ချိန် သူဖခင်က သူပါအတူတူလိုက်မည်ဖြစ်ကြောင်းပြန်ပြောလာသည်။
ရှင်းမင်မသွားခင် ရေအရင်ချိုးလိုက်ပြီး အရင်ရှင်းမင်တပ်ထားတဲ့မျက်မှန်ကို ချွတ်ပစ်ကာ Panda လေးကို ခန္ဓာကိုယ်အဆင့်မြှင့်ခိုင်းလိုက်သည်။
အရင်ကသာမာန်သာရှိတဲ့မျက်နှာက ခန္ဓာကိုယ်အဆင့်မြှင့်တင်လိုက်ချိန် အသားအရေပိုစိုပြေလာပြီး အသားကလည်းအရင်ကထပ်ပိုဝင်းလာသည်။
ကွေးကောက်နေတဲ့ဆံပင်တွေကို system အစွမ်းနဲ့ဖြောင့်လိုက်တော့ လည်ဂုတ်ထိရှည်သွားသည်။
ဘေးတစ်ဖက်တစ်ချက်စီက ဆံပင်တွေကို စုပြီး စည်းလိုက်ကာ အနောက်ကဆံပင်တွေကိုချထားလိုက်သည်။
နဖူးရှေ့မှာလည်း ဆံနွယ်တစ်စနှစ်စချထားလိုက်သည်။အဖြူရောင် T-shirt ကို ဂျင်းဘောင်းဘီဒူးပြဲနဲ့တွဲဝတ်လိုက်ချိန် သူ့ပုံစံက နာမည်ကြီး model ပုံပေါက်သွားသည်။
အမဲရောင်လွယ်အိတ်သေးကို လွယ်လိုက်ပြီး အခန်းထဲကထွက်ချိန် ရှင်းယင်က
"ဒါ ဒါငါ့သားလား"
"ကိုယ့်သားကိုတောင် မမှတ်မိတော့ဘူးလား ပါးပါးရဲ့"
"ဝါး ငါ့သားက အလှပြင်လိုက်တော့လဲချောနေရောဘဲ "
"ဟီး ပါးနဲ့တူလို့ချောနေတာ သွားရအောင်လေ ပါး"
နှစ်ယောက်သားဘေးချင်းယှဉ်ပြီး လမ်းလျှောက်ကာ သိပ်မဝေးတဲ့ဈေးဆီသွားကြတော့သည်။
ရှင်းမင်သွားတဲ့လမ်းတစ်လျှောက်က မိန်းကလေးတွေမှာ ချောလွန်းတဲ့သူ့ကြောင့် နှစ်ခါပြန်ငေးကြည့်နေကြသည်။
နေသားကျနေပြီဖြစ်တဲ့ ရှင်းမင်က ဘာမှမဖြစ်ပေမဲ့ သူ့ရဲ့ဖခင်ကတော့ ရှက်လွန်းလို့ သူ့သားရဲ့လက်ကိုခဏခနသွားကိုင်လေသည်။