10.3

380 25 0
                                    

<Unicode>
ညနေစာကိုလည်း သူ့ဖခင်က ပျော်ရွှင်စွာစားနေတော့သည်။သူ့သားရဲ့လက်ရာက ကောင်းလွန်းလို့ သူ့လက်ရာကိုစားခဲ့ရတဲ့အရင်ချိန်တွေကိုတောင် နှမြောမိသလိုခံစားရသည်။

နောက်တစ်နေ့ ရှင်းမင်အဝတ်အစားကို ပုံတုံးတုံးပြန်ဝတ်လိုက်ပြီး ကျောင်းကိုထွက်လာခဲ့သည်။

မျက်မှန်ကိုလည်းတပ်ထားလိုက်ပြီး အင်္ကျီးအကြီးကြီးကိုဝတ်ပြီး ကျောပိုးအိတ်ကိုလည်းနှစ်ဖက်လွယ်ရင်း ကျောင်းသို့လာခဲ့သည်။

မလာခင် သူ့ဖခင်က ဘာလို့ဒီလိုပုံစံမျိုးသွားနေသေးတာလဲမေးတော့ သရုပ်ဆောင်သွားလုပ်အုံးမယ် ပြောကာ ဝာာ့တာပြရင်းထွက်လာလိုက်သည်။

သူကျောင်းဝရောက်ချိန် သူ့ကိုတွေ့တဲ့သူတစ်ချို့က ကျောင်းလာရဲသေးတယ်နော်ဆိုပြီး တစ်ယောက်တစ်မျိုးတီးတိုးပြောဆိုကြတော့သည်။

သူဟုတ်မဟုတ်သိရဖို့ကျောင်းကိုအစောကြီးလာစောင့်နေတဲ့ ရွှီရန်ကလည်း အရင်လိုပုံတုံးပုံစံဘဲပေါက်နေတဲ့ ရှင်းမင်ကိုကြည့်ကာ စိတ်ပျက်စွာပြန်သွားတော့သည်။

အချိန်အနည်းငယ်ကြာတော့ ဝေးဝေးကျောင်းကိုအပြုံးနဲ့လာတော့သည်။ဝေးဝေးက လူကြားထဲရပ်နေတဲ့ ရှင်းမင်ကိုတွေ့တော့ အနားကိုအပြေးကလေးလာပြီး စိုးရိမ်နေတဲ့ပုံစံနဲ့

"ရှင်းမင် မနေ့ကကိစ္စတွေအတွက်တောင်းပန်ပါတယ် ငါ့ ငါ့ကြောင့် နင်ဆေးရုံတောင်တက်လိုက်ရတယ်ဆို"

ရှင်းမင်ဘာမှပြန်မပြောဘဲရပ်နေတာကြောင့် ဝေးဝေး မျက်ရည်တွေကိုအတင်းညစ်ထုတ်ပြီး အသံကိုအရင်ကထပ်ကျယ်ကာ

"ရှင်းမင် ငါတောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပေးပါနော် ငါတို့က သူငယ်ချင်းတွေဘဲလေ"

ထိုအသံကြောင့် လူတိုင်းက ထိုနေရာကိုဝိုင်းအုံလာပြီး ရှင်းမင်ကို တီးတိုးတစ်မျိုးခပ်ကျယ်ကျယ်တစ်မျိုးပြောဆိုကြတော့သည်။

ဝေးဝေးအပြင်မှာသာမျက်နှာငယ်နဲ့ပြောနေပေမဲ့ စိတ်ထဲမှာတော့ မဲ့ရွဲ့နေသည်။လူများလာပြီမို့ ရှင်းမင် မျက်ရည်တွေတတောက်တောက်ကျပြကာ

အော်သွယ်တော် system Where stories live. Discover now