10.4

357 25 0
                                    

<Unicode>
ရှင်းမင်ငိုယိုပြီးပြောနေချိန် တစ်ယောက်ယောက်က သူ့ရဲ့ပုခုံးကိုလာလှုပ်ပြီး

"ဟေ့ ဟေ့အဆင်ပြေရဲ့လား ဘာလို့ငိုနေတာလဲ"

ဆိုတဲ့နှိုးသံကိုကြားလိုက်ရသည်။နှိုးနေတဲ့လက်ကို ဆွဲကာ မျက်နှာအပ်ပြီး

"တောင်းပန်ပါတယ်ကိုကို မထားခဲ့ပါနဲ့ အဟင့်ဟင့် တောင်းပန်ပါတယ်"

ဆိုပြီးငိုလိုက်မိသည်။ပုခုံးတွေတုန်အောင်ထိငိုနေတဲ့ ကျောင်းသားကြောင့် ပိုင်လင်ယိ သနားသွားပြီး ခေါင်းကိုပွတ်ပေးနေလိုက်မိသည်။

ဒီလိုလုပ်နေမိတဲ့သူ့ကိုယ်သူလည်းအံဩ‌သည်။ဘာတစ်ခုကိုမှ ဂရုမစိုက်တတ်တဲ့သူက ဒီလိုကလေးတစ်ယောက်ကို ဂရုစိုက်နေမိတယ် ဟာသဘဲ...

ကိုကိုတဲ့ ဒီနာမ်စားကိုကြားလိုက်ချိန် သူ့ရင်ထဲမှာ နွေးထွေးသွားသလိုခံစားလိုက်ရပြီး ရင်းနှီးသလိုခံစားနေရသည်။

ငိုနေတဲ့ကလေးကို ဝအောင်ငိုစေလိုက်ပြီးမှ ရှိုက်သံတွေမထွက်တဲ့အချိန်ကြည့်လိုက်တော့ ကလေးက သူ့လက်ကို မျက်နှာအပ်ပြီး အိပ်ပျော်နေပြီ...

ဒီတစ်ခါတော့အိမ်မက်က ကောင်းလို့ထင်ပါရဲ့ပြုံးနေတာ ခုနကငိုနေတာသူမဟုတ်သလိုဘဲ....

ရှင်းမင် အိမ်မက်ထဲတွင် ကိုကိုက သူ့ကို လက်ကမ်းကြိုဆိုပြီး ခုနကတစ်ခါလိုမဟုတ်တော့ဘဲ အပြုံးတွေနဲ့ပွေ့ဖက်လာသည်။

ပြီးတော့ အကြည့်ချင်းဆုံနေပြီး နှုတ်ခမ်းကိုမြတ်နိုးစွာနမ်းလာတာကြောင့်ရှက်သွေးဖြာဖြာနဲ့ဘဲ အနမ်းတွေကိုပြန်တုန့်ပြန်လေသည်။

ရှင်းမင်မျက်နှာကို အရိပ်တကြည့်ကြည့်ကြည့်နေတဲ့ ပိုင်လင်ယိက ရှက်သွေးဖြာနေတဲ့မျက်နှာကြောင့် မသိလိုမသိဘာသာပြုံးလိုက်မိသည်။

သူ့ရဲ့စာသင်ချိန်က နေ့လည်စာမဆင်းခင်နောက်ဆုံးချိန်မို့သာတော်သေးသည်။အခန်းထဲကလူအကုန်လုံးက ပြန်သူကပြန် နေ့လည်စာစားသူကစားဖို့သွားပြီမို့ တစ်ခန်းလုံးတွင် သူနှင့်ဒီကလေးသာကျန်တော့သည်။

ဒီကလေးနေ့လည်စာမစားရင် ဗိုက်နာမည်ဆိုးတာကြောင့် ကလေးရဲ့ပါးကို ဖွဖွလေး နှစ်ခါနမ်းလိုက်ပြီး

အော်သွယ်တော် system Where stories live. Discover now