<Unicode>
ရှင်းမင် ဝေးဝေးအသံပြောင်းသွားကတည်းက လူတစ်ယောက်ယောက်ရောက်လာမှန်းသိနေလိုက်သည်။ဒါပေမဲ့ သူကတော့ သရုပ်ဆောင်ပြချင်စိတ်မရှိတာကြောင့် နံရံနောက်ကိုမှီကာ ရောက်လာသူကို လှမ်းကြည့်လိုက်သည်။
ပိုင်လင်ယိသူ့ကလေးကို အိမ်ပြန်တာလိုက်ပို့ဖို့စောင့်နေပေမဲ့ အမြန်ထွက်မလာတဲ့ကလေးကြောင့် ဘာများဖြစ်နေလဲဆိုတာသိချင်တာကြောင့် လိုက်လာခြင်းပင်...
သူနံရံအကွေ့ရောက်တော့ ကလေးရဲ့အသံကြားတာကြောင့် နားထောင်နေမိသည်။ရွှီရန် ထိုလူက သူ့ရဲ့ရန်သူစီးပွားလုဖက်ဖြစ်သည်။
အခုသူ့ကောင်မလေးကိုအသုံးချပြီး သူ့ကလေးမိသားစုလုပ်ငန်းကို ခိုးယူထားမှန်းကြားသိရချိန် ဒေါသထွက်လာသည်။
နားထောင်နေရင်း ကောင်မလေးအသံကပိုကျယ်လာပြီး မကြာခင်ပါးထရိုက်မဲ့ကိန်းပေါ်နေပြီမို့ အကွေ့နားကထွက်လိုက်သည်။
ချက်ချင်းအသံပြောင်းသွားတဲ့မိန်းကလေးကို တစ်ချက်မကြည့်ဘဲ နံရံကိုမှီကာ သူ့ကိုလှမ်းကြည့်လာတဲ့ကလေးနားသွားလိုက်ပြီး ခေါင်းကိုပွတ်လိုက်သည်။
"ဘာဖြစ်လို့လဲ ကလေး"
ရှင်းမင်ပြန်ဖြေခါနီး ဝေးဝေးက
"အဟင့် ပါမောက္ခကြီး ရှင်းမင်က ကျမကိုတမင်အော်တာမဟုတ်ပါဘူး ကျမကသူ့ကိုအရင်ပြောလို့သူကပြန်ပြောရုံပါ သူ့ကိုအပြစ်မတင်ပါနဲ့"
"ငါချစ်ရသူကိုငါကအပြစ်တင်စရာလား ခုနကငါ့အကုန်ကြားတယ် မင်းနဲ့ရွှီရန်ကောင်းကောင်းသတိထားနေ လာ ~~ကလေးကိုယ်တို့သွားရအောင်"
"အင်း"
တစ်ယောက်လက်တစ်ယောက်တွဲပြီးထွက်သွားတဲ့နှစ်ယောက်ကို ဝေးဝေးကြည့်ရင်းစိတ်တိုစွာ အော်ဟစ်လိုက်သည်။
ရှင်းမင်သူ့ဘေးမှာထိုင်နေတဲ့ လူကိုကြည့်ပြီး
"အရမ်းချစ်တယ်"
ထိုစကားကြောင့် ကားမောင်းဖို့ပြင်နေတဲ့ ပိုင်လင်ယိက လှုပ်ရှားမှုအကုန်ရပ်တန့်သွားပြီး ရှင်းမင်ဘက်တဖြေးဖြေးလှည့်လာသည်။