10.6

476 24 8
                                    

<Unicode>
ညစာကို ရှင်းယင်သူငယ်ချင်းတွေက အတူတူစားပြီးနောက် အိမ်ပြန်သွားကြသည်။ပိုင်လင်ယိကိုလည်း ရှင်းမင်က အိမ်ရှေ့ထိလိုက်ပို့လေသည်။

ပိုင်လင်ယိမပြန်ခင် သူ့ကလေးရဲ့ပါးကိုနမ်းလိုက်ကာ

"မနက်ဖြန်တွေလည်း လိုက်စားမယ်နော်"

ဆိုပြီးပြောခဲ့ကာ ပြန်သွားလေသည်။ရှင်းမင်အိမ်ထဲဝင်လာရုံရှိသေးတယ် သူ့အဖေက

"သား ဒီနားလာခဲ့အုံး"

"ဟုတ်ပါး ပါးဘာပြောစရာရှိလို့လဲ"

"သားနဲ့ ပိုင်လင်ယိက အတည်လား"

"အတည်ပါပါး သားသာလက်ထပ်ချင်တယ်ပြောရင် သူက ဒီ‌ညဆို ဒီညဖြစ်အောင်လုပ်ပေးလိမ့်မယ်"

"အင်းပါ ပါးကတော့ သားအဆင်ပြေတယ်ဆိုရင် ကန့်ကွက်စရာမရှိပါဘူး ဒါပေမဲ့ ပတ်ဝန်းကျင်ကလူတစ်ချို့ပြောတဲ့စကားကိုတော့ သားခံနိုင်ရည်ရှိအောင်လုပ်ထားရမယ်နော်"

"သားဒီဆက်ဆံရေးကို စတင်ကတည်းက ကြိုပြင်ဆင်ထားပြီးသားပါပါး"

"ဒါဆိုလည်းပြီးတာပါဘဲ ပါးဆီလာပါအုံး ပါးကလေးကအတော်တောင်ကြီးလာပြီဘဲ အရင်က ပါးရင်ခွင်ထဲမြှုပ်နေတဲ့သားက အခုဆို ပါးကိုတောင်ပြန်ပွေ့ချီနိုင်တော့မယ်"

"သားက ပါးကို ပြန်ပွေ့ချီရုံတင်မကဘူး ကာပါကာကွယ်နိုင်နေပြီ"

"သားမားသာရှိသေးရင် သိပ်ကောင်းမှာဘဲ"

"မားလည်း သားတို့ကိုကြည့်ပြီးပျော်နေမှာပါ ပါးအိပ်တော့လေ ညစာစားနေတာနဲ့ညဉ့်‌နက်နေပြီ"

"အင်းအင်း သားလည်းအိပ်တော့"

ရှင်းမင် အခန်းထဲပြန်ပြီးဖုန်းခနကြည့်ကာ အိပ်ယာဝင်ခဲ့သည်။ပိုင်လင်ယိကတော့ အိမ်ရောက်တာနဲ့ သူ့ညာလက်ထောက်ကိုခေါ်ကာ ရွှီရန်ဒီတစ်ခါဘယ်လုပ်ငန်းကို ဝယ်ဖို့ကြိုးစားနေလဲဆိုတာ စုံစမ်းခိုင်းလိုက်သည်။

ပြီးတော့ ညာလက်ထောက်ကိုခေါ်ကာ ရှင်းယင်ရဲ့ဖိနပ်လုပ်ငန်းကိုပြန်ဝယ်ထားတဲ့ သူဌေးဆီကနေ ဖိနပ်လုပ်ငန်းကိုပြန်ဝယ်ခိုင်းလိုက်သည်။

အော်သွယ်တော် system Where stories live. Discover now